Khup Pi - Lube Atube (Extended Version) lyrics
Artist:
Khup Pi
album: Doron
လူလူချင်းပဲ
အတူတူတွေပဲ
အဆိုးနဲ့အကောင်းတွေပြောကြလဲ
လူလူချင်းပဲ
ဘာတွေကြောင့်ခွဲခြားမလည်း
ပေါင်းစည်းကြမယ်
ငါတို့လက်တွဲကာ
စည်းလုံးခြင်း မဟာအင်အားနဲ့
လာပါ လှမ်းခဲ့
အတူတူဆက်လျှောက်မယ်
ဒီအနာဂတ်ထဲ
မတူတာတွေ ချန်ထားခဲ့ကွာ
အကြင်နာတွေ လက်ကမ်းဖို့
ငါတို့ လူသားချင်းပါ
တန်ဖိုးတွေ မခွဲပါနဲ့
အရောင်တွေ စုံလင်တဲ့ လူ့ကမ္ဘာ
စာနာမှု အလင်းပေးလို့
မေတ္တာပွားလိုက်ပါ
အမုန်းတွေကို ငါမလိုချင်ဘူး အဝေး
ဟိုး.ဟိုး.နာ.နာ. နာ.နာ
လူလူချင်းပဲ
အတူတူတွေပဲ
အဆိုးနဲ့အကောင်းတွေပြောကြလဲ
လူလူချင်းပဲ
ဘာသာတွေ ကွဲပြားလဲ
ပေါင်းစည်းခြင်းကို
ရှေ့ရှုကြမယ်
စည်းလုံးခြင်းဟာ အင်အားပဲ
လာပါ လှမ်းခဲ့
အတူတူဆက်လျှောက်မယ်
ဒီအနာဂတ်ထဲ
မတူတာတွေ ချန်ထားခဲ့ကွာ
အကြင်နာတွေ လက်ကမ်းဖို့
ငါတို့ လူသားချင်းပါ
မတူတာတွေ ချန်ထားခဲ့ကွာ
အကြင်နာတွေ လက်ကမ်းဖို့
ငါတို့ လူသားချင်းပါ
တံဆိပ်တွေ လာမကပ်နဲ့
အရောင်တွေ စုံလင်တဲ့ လူ့ကမ္ဘာ
စာနာမှု အလင်းပေးလို့
မေတ္တာပွားလိုက်ပါ
အမုန်းတွေကို ငါမလိုချင်ဘူး အဝေး
မတူတာတွေ ချန်ထားခဲ့ကွာ
အကြင်နာတွေ လက်ကမ်းလို့
ငါတို့ လူသားချင်းပါ
တံဆိပ်တွေ လာမကပ်နဲ့
အရောင်တွေ စုံလင်တဲ့ လူ့ကမ္ဘာ
စာနာမှု အလင်းပေးလို့
မေတ္တာပွားလိုက်ပါ
အမုန်းတွေကို ငါမလိုချင်ဘူး အဝေး
ဟိုး.ဟိုး.နာ.နာ. နာ.နာ
အမုန်းတွေကို ငါမလိုချင်ဘူး အဝေး
ဟိုး.ဟိုး.နာ.နာ. နာ.နာ.ရေ.ရေ.ရေ.ရေ.
လူလူချင်းပဲ
Поcмотреть все песни артиста
Other albums by the artist