လေညင်းလေးတွေ အနားကဖြတ်လို့ပြေး
တဒင်္ဂလေး အေးချမ်းသွားသလို
မင်းနဲ့ချစ်ခွင့်လေး အချိန်ခဏလေး
ရှိခဲ့ပေမယ့်လေ ငါကျေနပ်တယ်
နင်မလိုတော့ဘူးလား ဒီရင်ထဲမှာ
ဟိုအရင်တုန်းက အတူတူရှိခဲ့တဲ့အချိန်တွေ
မင်းအတွက် ဘာမှမဟုတ်ခဲ့ပေမယ့်
ငါ့အတွက်ကတော့ အခုဆို
လွမ်းနေရတယ် သတိရတယ်
မချစ်သင့်ခဲ့ပေမယ့်
ရူးမိခဲ့လို့
မြူခိုးများလို ရုတ်တရက်ပျောက်ကွယ်သွား
ဒဏ်ရာများ အဆုံးအစမရှိပါ
အိပ်မက်တစ်ခုလို ဝိုးတဝါးဖြစ်နေပေမယ့်
ဒီစိတ်ထဲမှာ အရာရာ အရင်အတိုင်းပဲ
နင်မလိုတော့ဘူးလား ဒီရင်ထဲမှာ
ဟိုအရင်တုန်းက အတူတူရှိခဲ့တဲ့အချိန်တွေ
မင်းအတွက် ဘာမှမဟုတ်ခဲ့ပေမယ့်
ငါ့အတွက်ကတော့ အခုဆို
လွမ်းနေရတယ် သတိရတယ်
မချစ်သင့်ခဲ့ပေမယ့်
မင်းကငါ့အတွက်
အရာရာပဲ
မချစ်သင့်ခဲ့ပေမယ့်
ရူးမိခဲ့လို့
Поcмотреть все песни артиста
Other albums by the artist