Wai La - A Pyit Shi Tha Lar lyrics
Artist:
Wai La
album: A Pyit Shi Tha Lar
ငါ့ကိုနင်မချစ်တော့နဲ့
တစ်ခြားသူဆီ လစ်တော့ကွယ်
အလိုဖြည့်ပါသော်လည်း မပြည့်နိုင်သူအတွက်
လက်ဆောင်ဟာ Goodbye ပဲ
နှုတ်ခမ်းရောင်စုံများကြားထဲ
ပန်းတွေ နင်ကြဲဖူးတယ်
ငါရတဲ့ဒီပန်းက ပွင့်ဖတ်တွေမပါပဲ
ဆူးတွေသာကျန်နေတယ်
မျှော်လင့်ချက်တွေကို ရိုက်ချိုးသူ
ကံကိုယုံပြီး ရင်းခဲ့တဲ့အချစ်စစ်တစ်ခု
ငါစိုက်ပျိုးခဲ့သမျှဟာ ပန်းမဖြစ်ဘူး
ဆူးတွေနဲ့ရူး
ငါကတော့ အကြိမ်ကြိမ်မျှော်လင့်သူ
တခါတလေတောင် ငါ့ကို
စောက်ဖက်မလုပ်ခဲ့ဘူး
ယုံကြည်မှုတွေ ပျောက်ကွယ်သွားချိန်
စိတ်ကုန်ခဲ့တာ အပြစ်ရှိသလား
♪
ဒီဘဝဒီမျှပဲချစ်ရယ်
ငါနဲ့နင် မတန်ဘူး သွားတော့ကွယ်
မကျေနပ်စရာတွေအတွက် အဖြေထွက်တာဒါပဲ
သူစိမ်းတွေလိုနေပါမယ်
မကြွေတတ်တဲ့ကြယ်ကို မမျှော်ချင်တော့ဘူး
ကံကိုယုံပြီး ရင်းခဲ့တဲ့ အချစ်စစ်တစ်ခု
ငါစိုက်ပျိုးခဲ့သမျှဟာ ပန်းမဖြစ်ဘူး
ဆူးတွေနဲ့ရူး
အရောင်မထွက်တဲ့နွံကို ရွှေထင်မိသူ
ဟန်ဆောင်ကာ ခဏတောင်
ငါ့အတွက် မတောက်ပဘူး
နာကျင်မှုတွေများလာတော့
ငါစိတ်နာသွားတာ အပြစ်ရှိသလား
အမှောင်တွေများလာတော့
ငါ့အလွမ်းတွေ မိုးချုပ်သွားတာ
အပြစ်ရှိသလား
Поcмотреть все песни артиста
Other albums by the artist