WANTED fokker - Yay Sat lyrics
Artist:
WANTED fokker
album: Sait Net Lu
ရေစက်ရှိလို့အတူဆုံခွင့်ရတဲ့ လူ့ဘဝလမ်းထက်မှာ
ငါနဲ့ပတ်သတ်သမျှ လူတွေအကုန်လုံး အဆင်ပြေစေဖို့ နှလုံးသွင်းထားပြီး
အကြွေးရှိလို့ပြန်ပေးရတဲ့ ဒုက္ခတို့အဖုံဖုံ
ဪ ဝင်လာသမျှအကုန်ခါးစည်းခံရင်း
ဥပေက္ခာပြုထားဖို့စိတ်ကူး အသွေးအသားထဲမှာထဲမှာ တစ်စက်မှမပါဘူး
အမက်မောဆုံးအရာ ငါ့ဘေးနားက လူတွေအားလုံးရဲ့အပြုံး
ကဲ ဒီထက်ဘာတတ်နိုင်ဦးမလဲ
ရပါတယ် ရေး...
ဝေဒနာတွေအပြည့်နဲ့လမ်းပေါ်မှာလျှောက်ရင်း
ကဲ ဒီထက်ဘာဖြစ်စေချင်သေးလဲ
ငါကိုယ်တိုင် အဆိုးဆုံးအခြေအနေတွေ ရောက်ဖူးထားတော့
ခဏခဏရတဲ့ဒဏ်ရာက အသေးအမွှားလေးပဲ
ဪ အသေးအမွှားလေးပဲ
ပိုခံစားတတ်ရင် ပိုရင်ကျိုးရတာ လောကရဲ့ဓမ္မတာ
ဘယ်လိုပဲဖြစ်ဖြစ် လိပ်ပြာလုံဖို့ ယုံကြည်ရာအလံလွှင့်လို့ထူရင်း
နောင်အကြွေးမရှိဖို့ မေ့ထားရတဲ့ အာဃာတတို့အဖုံဖုံ
ဩော် ဒီလောက်ပဲ ကျေနပ်ပါ စေတော့
ကဲ ဒီထက်ဘာတတ်နိုင်ဦးမလဲ
ရပါတယ် ရေး...
ဒဏ်ရာတွေအပြည့်နဲ့ လမ်းပေါ်မှာလျှောက်ရင်း
ကဲ ဒီထက်ဘာဖြစ်စေချင်သေးလဲ
ငါကိုယ်တိုင် အဆိုးဆုံးအခြေအနေတွေ ရောက်ဖူးထားတော့
ခဏခဏရတဲ့ဒဏ်ရာက အသေးအမွှားလေးပဲ
ဥပေက္ခာပစ်ထားဖို့စိတ်ကူး
အသွေးအသားထဲမှာတစ်စက်မှမပါဘူး
အမက်မောဆုံးအရာ ငါ့ဘေးနားက လူတွေအားလုံးရဲ့အပြုံး
ကဲ ဒီထက်ဘာတတ်နိုင်ဦးမလဲ
ရပါတယ် ရေး...
ဒဏ်ရာတွေခင်းတဲ့ လမ်းပေါ်မှာလျှောက်ရင်း
ကဲ ဒီထက်ဘာဖြစ်စေချင်သေးလဲ
ငါကိုယ်တိုင် အဆိုးဆုံးအခြေအနေတွေ ရောက်ဖူးထားတော့
ခဏခဏရတဲ့ဒဏ်ရာက အသေးအမွှားလေး
မသိတဲ့သူထက် သိတဲ့သူ ဖြေသိမ့်ရခက်သလို
ငါတော့စဉ်းစားဆင်ခြင်နိုင်ပြီဆိုပေမယ့်
မသိတဲ့သူထက် သိတဲ့သူ ဖြေသိမ့်ရခက်သလိုမျိုး
ကြာလာတော့လည်း ဘယ်သူ့ကိုငါယုံကြည်ကိုးစားရမှာလဲ
ရေစက်ရှိလို့အတူဆုံခွင့်ရတဲ့ လူ့ဘဝလမ်းထက်မှာ
ငါနဲ့ပတ်သတ်သမျှ လူတွေအကုန်လုံး အဆင်ပြေစေဖို့ နှလုံးသွင်းထားနေတယ်
Поcмотреть все песни артиста
Other albums by the artist