Kishore Kumar Hits

Tin Zar Maw - Hoe A Way Ka Eain lyrics

Artist: Tin Zar Maw

album: Hoe A Way Ka Eain


အိမ်ကလေး တို့နှစ်ယောက် အိမ်ကလေး
အဝေးမှာ
ဒီအိမ်ကလေး တို့ရဲ့အိမ်ကလေး အခုဆို
အဝေးမှာ
အထီးကျန်နေ
မိုင်တွေကွာ ရေမြေခြားပြီး
အိမ်ပြန်ချိန်တွေ လွန်ခဲ့ပြီ
အိမ်ကလေးတစ်လုံးရဲ့အတွင်းမှာ
ငါတို့ အငွေ့အသက်တို့ မျှော်နေလောက်ပြီ
မပြေလည်တာတွေ ပစ်ထားပြီး
ပြန်လာပါလေ ငါလွမ်းသည်
အကြာကြီး မရောက်ဖြစ်တော့တဲ့
တောင်တန်းကြီးရဲ့ နံဘေးက အိမ်လေးဆီ
ဘယ်တော့လောက်များ ငြိမ်းချမ်းစွာနဲ့
အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေ
ဘယ်တော့ လောက်များ ငါတို့အသိုက်အမြုံလည်း
ဒီဘဝလေးထဲ
အိမ်ကလေး တို့နှစ်ယောက်အိမ်ကလေး
အဝေးမှာ
ဒီအိမ်ကလေးတို့ရဲ့ အိမ်ကလေး အခုဆို
အဝေးမှာ အထီးကျန်နေ
မိုင်တွေကွာ ရေမြေခြားပြီး
အိမ်ပြန်ချိန်တွေလွန်ခဲ့ပြီ
အကြာကြီး မရောက်ဖြစ်တော့တဲ့
တောင်တန်းကြီးရဲ့ နံဘေးကအိမ်လေးဆီ
ဘယ်တော့လောက်များ ငြိမ်းချမ်းစွာနဲ့
အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေ
ဘယ်တော့လောက်များ ငါတို့အသိုက်အမြုံလည်း
ဒီဘဝလေးထဲ
အိမ်ကလေး တို့နှစ်ယောက် အိမ်ကလေး
အဝေးမှာ
ဒီအိမ်ကလေး တို့ရဲ့ အိမ်ကလေး အခုဆို
အဝေးမှာ
အထီးကျန်နေ
သိပ်ကြာတော့ ကြေကွဲစရာတွေ ဖြစ်ဖြစ်လာ
ဘယ်အထိအောင်လည်း ရင်ကျိုးရချည်ရဲ့
နှလုံးအိမ်အတွင်းမှာ ငတ်မွတ်ခြင်းများနဲ့
ပြန်နေချင်တယ် အရင်လိုတို့ရဲ့ အိမ်ကလေး
အိမ်ကလေး တို့နှစ်ယောက် အိမ်ကလေး
အဝေးမှာ
ဒီအိမ်ကလေး တို့ရဲ့အိမ်ကလေး အခုဆို
အဝေးမှာ
အထီးကျန်နေ
အိမ်ကလေး တို့နှစ်ယောက် အိမ်ကလေး
အဝေးမှာ
ဒီအိမ်ကလေး တို့ရဲ့ အိမ်ကလေး အခုဆို
အဝေးမှာ
အထီးကျန်နေ
အိမ်ကလေး တို့နှစ်ယောက် အိမ်ကလေး
အဝေးမှာ
ဒီအိမ်ကလေး တို့ရဲ့ အိမ်ကလေး အခုဆို
အဝေးမှာ
အထီးကျန်နေ
(အိမ်ကလေး အိမ်ကလေး အဝေးမှာ)
(အိမ်ကလေး အိမ်ကလေး အခုဆို)
(အိမ်ကလေး အိမ်ကလေး အဝေးမှာ)
(အိမ်ကလေး အိမ်ကလေး အခုဆို)
(အိမ်ကလေး အိမ်ကလေး အဝေးမှာ)

Поcмотреть все песни артиста

Other albums by the artist

Similar artists