Tin Zar Maw - Eain Pyae lyrics
Artist:
Tin Zar Maw
album: 7
မေတ္တာတရားဟာ အလျားအနံမရှိ
မြင်းမိုရ်ထက်မက ကြီးမြတ်သော
အရှုံးယူပြီး အနိုင်ပေးသူတစ်ယောက်
တံတိုင်းလိုရှေ့မှာ တားဆီးတိုက်ခိုက်ကာကွယ်
အို. အဖေရဲ့မေတ္တာ
မနက်စာ စားရုံအသင့်ပါပဲ မီးဖိုခန်းမှာ
ချွေးတွေရွှဲ ချိတ်ထမီနွမ်းလည်း အပြုံးမပျက်ဘူး
အသက်နဲ့ရင်းကာ မွေးထုတ်ပေးခဲ့တယ်
အို. အမေ့ရဲ ဂရုဏာ
လူလားမြောက်တဲ့အချိန် ပျံသန်းမဲ့ငှက်တစ်ကောင်
ကံတရားကြားထဲ ခြေစုံကိုကန် အိမ်ကိုစွန့်ခွာ
အနိုင်အရှုံးကစားပွဲများ ကြုံတွေ့ခဲ့ပြီး
အမေ့စကားမြင့်လို့ ဘဝမှာ
ဒုက္ခတွေတန်းစီ အို နားလည်ပြီ
မိဘမေတ္တာ မိဘအချစ်များ
အိမ်ပြေးတစ်ယောက်ဖြစ်မှ
ကိုယ်သိပြီ မိဘမေတ္တာ မိဘကျေးဇူးတွေ
အဝေးကြီးရောက်မှ ပျော်စရာရင်ခွင်ထဲထည့်ပြီး
မိုက်မိုက်မဲမဲ ဆုံးဖြတ်ချက်နဲ့ ရုန်းထွက်ခဲ့
ဒုက္ခကြားထဲ အဖေရဲ့စကားတို့ ကြားယောင်တုန်း
အိမ်ပြန်ချင်တဲ့ စိတ်က ထိန်းမရ မွန်းကျပ်လို့
လမ်းလေးအတိုင်း လျှောက်ပြန်ပါရစေဦး.
လူလားမြောက်တဲ့အချိန် ပျံသန်းမဲ့ငှက်တစ်ကောင်
ကံတရားကြားထဲ ခြေစုံကိုကန် အိမ်ကိုစွန့်ခွာ
အနိုင်အရှုံးကစားပွဲများ ကြုံတွေ့ခဲ့ပြီး
အမေ့စကားမြင့်လို့ ဘဝမှာ
ဒုက္ခတွေတန်းစီ အို နားလည်ပြီ
မိဘမေတ္တာ မိဘအချစ်များ
အိမ်ပြေးတစ်ယောက်ဖြစ်မှ
ကိုယ်သိပြီ မိဘမေတ္တာ မိဘကျေးဇူးတွေ
အဝေးကြီးရောက်မှ ငါသိပြီ
မိဘမေတ္တာ မိဘကျေးဇူးတွေ
အဝေးကြီးရောက်မှ ငါသိပြီ...
Поcмотреть все песни артиста
Other albums by the artist