မွန်းကြပ်တဲ့နေ့ရက်များမှာ
ငါ့ကိုယ်ငါ့ပြန်သုံးသပ်ခဲ့
လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက်
ဟိုးတုန်းကပျော်စရာများတဲ့ ငါတို့၂ယောက်ရဲ့ အတိတ်ဘဝ
လမ်းများစွာလျှောက်ခါသွားခဲ့ အဲ့ဒီနေ့တွေ မေ့မရ
မေ့မရပါ အတိတ်ဘဝကို ငါ့ရဲ့စိတ်မှာလွမ်းနေတုန်း
လွမ်းနေတုန်း နှုတ်ဆက်သွားတာ အခုတော့ငါ့မှာလမ်းတွေဆုံး
လမ်းတွေဆုံးချစ်သူလေးကို ငါ့ရဲ့အနားမှာရှိချင်သေးလို့
စိတ်ကူးယဉ်ငါ့ရဲ့အတွေးဟာ ကောင်းကင်ကြီးပြို မည်းမှောင်ကျလို့
ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကို ဆွဲကိုင်ထား
အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိလဲ သိချင်တာ
ဟိုအရင်ကလိုပဲ မင်းရဲ့အနားမှာရှိချင်တာ
ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေတဖြုတ်ဖြုတ်ကြွေ
မိုးဆောင်းနွေ ပြက္ကဒိန်တွေတစ်မျိုးပြောင်းနေ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး
အမြဲ... ရင်ထဲတင်းကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲ... မှာသိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင် စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကို
လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး
ဒါပေမဲ့လဲ အချစ်နဲ့ကင်းဖို့မကင်းနိုင်တော့လဲ စိတ်တွေလေ
ပူပန်သောက ပူလောင်သောက လွမ်းရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ
မာနတွေခဝါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘဝ
အချစ်ကြောင့်ပဲစိတ်တွေပြောင်းသွား
အချစ်စိတ်နဲ့အရာအားလုံးကိုထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့ အသက်ဆက်ရှင်နေရတာလား
အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလဲရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ တစ်ယောက်ထဲပဲ ဝမ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တစ်ခါတစ်လေတော့လဲ စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒဏ်များ မခံနိုင်တော့လဲ အရှုံးပေးဦးမယ်
စွဲလမ်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင်
အချစ်တတ်ဆုံး အယုယဆုံး ကိုယ့်ရဲ့ဘဝမှာ တစ်ယောက်ပဲရှိတယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ
ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်
အမြဲ... ရင်ထဲတင်းကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲ... မှာသိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင် စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကို
Поcмотреть все песни артиста
Other albums by the artist