Kishore Kumar Hits

Sai Htee Saing - Parami Phyae Phat lyrics

Artist: Sai Htee Saing

album: A Kaung Takar A Kaung Sone Tay Myar 4


ကိုယ်အဖို့ပဲဆို ကံကိုပဲ အားကိုးလို့နေချင်ကြ
ကိုယ့်ချစ်သူအတွက်မှ ကြိုးစားမယ့် လူရဲ့သဘော
လောကရဲ့အစဉ်အလာတစ်ခုပါ
ဘုရားရှင်တောင်မှ ပါရမီဖြည့်သူရှိမှ ပွင့်ရတာပဲ
ကိုယ့်လိုလူမှာ မင်းမရှိရင် ဘယ်ဖြစ်လိမ့်မလဲ

ရောင်ပြန်ဟပ်မှ တောက်ပမယ့်အလင်း
ပဲ့တင်ထပ်မှ အားရှိမယ့်အသံ
ကိုယ့်ဘဝဟာ အဖော်မွန်ရှိမှ ဖြစ်မှာ
ချစ်သူပျော်ရင် ကိုယ်လေ နှစ်ဆ ပိုပြီးတော့ဝမ်းမြောက်သလိုပဲ
ချစ်သူငိုရင် ကိုယ့်ဘဝရဲ့ကမ္ဘာပျက်ခြင်းပါ

ကိုယ်တိုင်အစက ကြောက်တတ်သူတောင်
ချစ်သူထိတော့ ရဲတတ်ကြတယ်
သတ္တိတွေ ဘယ်ကရလဲ မသိဘူး
ချစ်တယ်ဆိုရုံ ဘယ်လုံလောက်မလဲ မင်းနဲ့ပတ်သက်လာရင်
ဝိညာဉ် ခန္ဓာ နှစ်ခုလုံးရဲ့ညီမျှခြင်းပါ

ရောင်ပြန်ဟပ်မှ တောက်ပမယ့်အလင်း
ပဲ့တင်ထပ်မှ အားရှိမယ့်အသံ
ကိုယ့်ဘဝဟာ အဖော်မွန်ရှိမှ ဖြစ်မှာ
ဘုရားရှင်တောင်မှ ပါရမီဖြည့်သူရှိမှ ပွင့်ရတာပဲ
ကိုယ့်လိုလူမှာ မင်းမရှိရင် ဘယ်ဖြစ်လိမ့်မလဲ

Поcмотреть все песни артиста

Other albums by the artist

Similar artists