Kishore Kumar Hits

Sai Htee Saing - Nway Yar Thi Thot A Nyar Nway lyrics

Artist: Sai Htee Saing

album: A Kaung Takar A Kaung Sone Tay Myar 4


တွန်သံချိုတဲ့ ရွှေဥသြငယ်ရယ်

နွေရာသီနှယ် အချိန်မှန်လွန်းနေတယ်

တမင်ကလာမေ့ထားတဲ့ အတိတ်ကအကြောင်းကို
စပေးလိုက်သလိုပဲ
ဒီအချိန်ခါမှာ ရင်နာစရာတွေဟာ
အသစ်ဖြစ်ပြန်တယ်

ခိုလှုံနိုင်စရာ ရင်ခွင်မဲ့သူထဲ

နွေလယ်ခေါင်မှာ ကိုယ်တစ်ယောက်လည်းပါတယ်
နဂိုကရှိပြီးသား အလွမ်းအဆွေးဓါတ်ကို
ဆွပေးလိုက်သလိုပဲ
အပြင်မှာ ပူသလို ရင်မှာပူလာရင်
ခက်ရချည်ကွယ့်

လေတိုက်တိုင်းကြွေတဲ့ သစ်ရွက်ဟောင်းများလို
ဒီအချိန် ဒီရက်တွေ တဖြုတ်ဖြုတ်နဲ့ကုန်သွားရင်
အဖော်ကွာသူဘဝမှာ လွမ်းရသက်သာလိမ့်မယ်
အို. အို. အိုး... အို အိုးး
အညာနွေ ရှည်လွန်းတယ်
အညာနွေ ကြာလွန်းတယ်
အချိန်ကုန်စေမယ့် မင်းမရှိပြီလေ

တစ်ပုဒ်ထဲထပ်ကာ မပျင်းမရိပဲ လွမ်းတေးဆို
အိုနွေ ဥသြငှက် ငှက်မို့လို့ နေတတ်တယ်
ကိုယ်သာ လူသားမို့ သီချင်းတစ်ပုဒ်နဲ့ မပြေဘူးကွယ်
အို. အို. အိုး... အို အို အိုးး

ခဏလေးနားစရာ အစားထိုးလို့မရခဲ့တယ်
ကြင်နာသူလေးရဲ့ အချစ်အရိပ်နဲ့စာလိုက်ရင်
ဗန်ဒါပင်ရိပ်ဟာ အေးချမ်းမှု မမည်ဘူးကွယ်
အို. အို. အိုး... အို အိုးး
အညာနွေ ရှည်လွန်းတယ်
အညာနွေ ကြာလွန်းတယ်
အချိန်ကုန်စေမယ့် မင်းမရှိပြီလေ

အို. အို. အိုး... အို အိုးး
အညာနွေ ရှည်လွန်းတယ်
အညာနွေ ကြာလွန်းတယ်
အချိန်ကုန်စေမယ့် မင်းမရှိပြီလေ

အို. အို. အိုး... အို အိုးး
အညာနွေ ရှည်လွန်းတယ်
အညာနွေ ကြာလွန်းတယ်
အချိန်ကုန်စေမယ့် မင်းမရှိပြီလေ

Поcмотреть все песни артиста

Other albums by the artist

Similar artists