Kishore Kumar Hits

Sai Htee Saing - A Chit Ka Min A Nar Mhar Par lyrics

Artist: Sai Htee Saing

album: A Kaung Takar A Kaung Sone Tay Myar 2


လူများရဲ့အလယ်မှာ တစ်ယောက်တည်းမို့
သင်ဟာလေ အားငယ်နေပြီလား
ဒီခရီးမှာ အဖော်မွန်ရယ်တစ်ယောက်လောက်တော့
ဒီအချိန်မှာ မင်းလိုချင်နေပြီလား
လွန်နေတဲ့အမောလည်း ကူဖျောက်ပေး
စိုနေတဲ့ချွေးလည်း ကူသုတ်ပေး
လိုအင်ဟူသမျှ ပြည့်ဝစေမှာ
အားကိုးစမ်းလိုက်တော့ မေရေ
မင်းမကြည့်လို့ မသိတာပါ
အချစ်က မင်းအနားမှာပါ
စိတ်မရှိလို့ မရိပ်မိတာပါ
အချစ်က မင်းအနားမှာပါ
မင်းမဆွဲလို့ မတွဲမိတာပါ
အချစ်က မင်းအနားမှာပါ
မကြောက်နဲ့ ဟုတ်ပြီလား

ယဉ်ကျေးတယ်ဆိုတဲ့ အသိုင်းအဝိုင်းကြား
ကြင်နာသူ အရိုင်းဖြစ်နေပြီလား
လက်ညှိုးတွေညွှန်ကာလေ ကဲ့ရဲ့တာ
ကိုယ့်ကိုလို့ပဲ ထင်ယောင်နေပြီလား
ထာဝစဉ်သာ အရိပ်ကလေးလိုကပ်ပါး
ရင်ဆိုင်ခွန်အားဖြည့်မယ် ယူထား
အပူဒဏ်ကိုထီးမိုးမယ် သိလား
အားကိုးလိုက်စမ်းတော့ မေရေ
မင်းမကြည့်လို့ မသိတာပါ
အချစ်က မင်းအနားမှာပါ
စိတ်မရှိလို့ မရိပ်မိတာပါ
အချစ်က မင်းအနားမှာပါ
မင်းမဆွဲလို့ မတွဲမိတာပါ
အချစ်က မင်းအနားမှာပါ
မကြောက်နဲ့ ဟုတ်ပြီလား

မှောင်လွန်းတဲ့ကမ္ဘာတစ်ခြမ်း လမ်းလျှောက်ချိန်
ရင်ခွင်ထဲ သိလိုက်ပါနော်
ရှောင်လွန်းတဲ့ကံကြမ္မာရယ် နိမ့်လွန်းချိန်
နောက်ဆုတ်ဖို့ တစ်ထစ်ကျန် မာန်ပြန်တင်း
ရေလယ်မှာ မနစ်မြုပ်စေနဲ့ မင်း
လူအလယ်မှာ အရှက်မကွဲစေနဲ့ မင်း
ရာဇဝင်မှာ မရှုံးနိမ့်စေနဲ့ မင်း
ရှင်းလင်းပစ်စမ်းတော့ မေရေ
မင်းမကြည့်လို့ မသိတာပါ
အချစ်က မင်းအနားမှာပါ
စိတ်မရှိလို့ မရိပ်မိတာပါ
အချစ်က မင်းအနားမှာပါ
မင်းမဆွဲလို့ မတွဲမိတာပါ
အချစ်က မင်းအနားမှာပါ
မကြောက်နဲ့ ဟုတ်ပြီလား

Поcмотреть все песни артиста

Other albums by the artist

Similar artists