Khin Maung Toe - Witt Hmone lyrics
Artist:
Khin Maung Toe
album: Lwan Wit Hmone
တေးသွားချို သီကာကျူးတဲ့
ကျေးငှက်ကို လှမ်းလို့ကြည့်ကာ
ပန်းကလေးက ပြောလိုက်တယ်
လောကရဲ့ အလှအပဟာ
တို့ပွင့်မှ ပြည့်စုံတာတဲ့
ပန်းချစ်သူပျားက ပြုံးတယ်
တောက်ပတဲ့ အဆင်းလည်းရှိတယ်
လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို
ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင်
ရှုံးကြမှာပဲ
ရင်ထဲ ရှိ ရှိသမျှ ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင်
လှရက်လို့
ချူလိုသူတွေ လက်ထဲမှာ
အလှ မပျက်အောင်
ဆုတောင်းတယ် ပန်းကလေးရယ်
သင်းပျံ့ကာ အမြဲမွှေးစေချင်တယ်
♪
မိုးကောင်းကင် ကြည်ပြာအောက်မှာ
ကောင်းခြင်းတွေ ပေါင်းစုစည်းကာ
သူ့ထက် ပိုကဲလှသူ
ရှိတော့ဖြင့် ရှိလိမ့်မယ်
အေးမြတဲ့ အပြုံးပိုင်ရှင်ရယ်
တောင်းဆုတွေ ပြည့်ဝခဲ့သူ
နူးညံ့တဲ့ နှလုံးသားနဲ့အတူ
စွဲမက်ဖွယ့် စကားနဲ့ဆင့်ကာ
တုယှဉ်ပြိုင် လာလို့နှိုင်းရင်
ရှုံးကြမှာပဲ
ရင်ထဲ ရှိ ရှိသမျှ ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင်
လှရက်လို့
ချူလိုသူတွေ လက်ထဲမှာ
အလှ မပျက်အောင်
ဆုတောင်းတယ် မိန်းကလေးရယ်
ပန်းကလေးလို လှတဲ့ချစ်သူရယ်
♪
တေးသွားချို သီကာကျူးတဲ့
ကျေးငှက်ကို လှမ်းလို့ကြည့်ကာ
ပန်းကလေးက ပြောလိုက်တယ်
လောကရဲ့ အလှအပဟာ
တို့ပွင့်မှ ပြည့်စုံတာတဲ့
ပန်းချစ်သူပျားက ပြုံးတယ်
တောက်ပတဲ့ အဆင်းလည်းရှိတယ်
လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို
ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင်
ရှုံးကြမှာပဲ
ရင်ထဲ ရှိ ရှိသမျှ ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင်
လှရက်လို့
ချူလိုသူတွေ လက်ထဲမှာ
အလှ မပျက်အောင်
ဆုတောင်းတယ် ပန်းကလေးရယ်
သင်းပျံ့ကာ အမြဲမွှေးစေချင်တယ်
Поcмотреть все песни артиста
Other albums by the artist