Phyu Phyu Kyaw Thein - Hlae Sarr Lite - Remix lyrics
Artist:
Phyu Phyu Kyaw Thein
album: PHYU PHYU KYAW THEIN (Remix)
နောက်ဆုံးနေ့များဆီထိ မေတ္တာတရားတွေ
ငါ့အပေါ် ထားနိုင်မလား
ငါ မျှော်လင့်မိပါတယ်
ငါ ယုံစားမိပါတယ်
ငါပဲ ရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ
ငါ့အပေါ် ပုံချလိုက်ပါတော့
ဘယ်တော့မှ လှည့်မကြည့်နဲ့
ဘာတစ်ခုမှ မငဲ့ညှာနဲ့
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
အခွင့်အရေးလည်း မရှိပါဘူး
မင်းခြေလှမ်းတွေ တခြားနေရာသွားချိန်မှာ
ဘယ်လို ငါက လိုက်ရှာမလဲ
ဘယ်လို ငါ တားဆီးနိုင်မလဲ
ငါပဲ စချစ်မိတာ အပြစ်ရှိသမျှ
ငါ့အပေါ် ပုံချလိုက်ပါတော့
ဒါဟာ ကိုယ့်ထိုက်ကိုယ့်ကံပဲ
ငါ ဘာတစ်ခုမှ မတတ်နိုင်ခဲ့
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
ဘယ်ဟာအမှန် ဘယ်ဟာအမှား
ချစ်အားကြီးတော့ ခွဲခြားမရ
သံကြိုးများလို ခိုင်မာတဲ့
နှောင်ဖွဲ့ထားသမျှ မေတ္တာကို
ငါ ဘယ်လိုဖြတ်မလဲ
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
(မင်းအမြဲ ငါ့အပေါ်ရက်စက်ခဲ့)
လုပ်ပါ မင်း ငါ့အပေါ် အငြိုးကြီးတာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ
တစ်ဆုံး လှည့်စားလိုက်တာတွေ
လုပ်ပါဟာ မင်း ငါ့အပေါ်အငြိုးကြီးတာတွေ
တစ်ဆုံး လှည့်စားခဲ့တာတွေ
နောက်ဆုံးနေ့များဆီထိ
မေတ္တာတရားတွေ ငါ့အပေါ် ထားနိုင်မလား
ငါ မျှော်လင့်မိပါတယ်
ငါ ယုံစားမိပါတယ်
ငါပဲ ရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ
ငါ့အပေါ်ပုံချလိုက်ပါတော့
ဘယ်တော့မှ လှည့်မကြည့်နဲ့
ဘာတစ်ခုမှ မငဲ့ညှာနဲ့
Поcмотреть все песни артиста
Other albums by the artist