Phyu Phyu Kyaw Thein - Cherry Lann lyrics
Artist:
Phyu Phyu Kyaw Thein
album: Main Ka Lay Ta Youk A Thel Kwel Nay Tal
အိမ်ပြင်မှာ နှင်းစက်တွေတဖွဲဖွဲကျ
နှလုံးသားမှာ မအေးစက်နိုင်
လွမ်းရက်တွေ မွန်းကြပ်လာတော့
နာရီတွေ မိနစ်တွေ စက္ကန့်တွေ
နေ့ရက်တွေ တွက်ကြည့်ရင်
ငါ့ပြက္ခဒိန် ဖြဲပစ်ချင်လို့
မျှော်နေပြီ သူလာမယ့်နေ့
အိမ်ပြန်လမ်းမှာ ကြိုနေမယ့်သူ
ရင်ခုန်တဲ့ အကြင်နာအနမ်းတွေ
ခြွေနိုင်ဖို့အတွက် ပြင်ဆင်ထားပြီ
ဆိုနေကျ သီချင်းလေးတွေညီးရင်းနဲ့
အချစ်နဲ့အတူလျှောက်ခဲ့တဲ့
လမ်းလေးတွေငေးကြည့်တုန်း
ကော်ဖီတွေ အေးစက်တာ မသောက်မိပါ
အခါးကြိုက်တဲ့ မင်းအကြောင်းတွေ
အတွေးထဲဝင် သတိရနေလို့
မျှော်နေပြီ သူလာမယ့်နေ့
အိမ်ပြန်လမ်းမှာ ချယ်ရီပန်းတွေ
ရင်ခုန်တဲ့ အကြင်နာအနမ်းတွေ
ခြွေနိုင်ဖို့အတွက် ပြင်ဆင်ထားပြီ
အလွမ်းရက်တွေ များလာတယ်
အချစ်မရှိတော့ ခါးနေတယ်
စောင့်ခဲ့တဲ့ရက်တွေနဲ့ မနေချင်တော့ဘူး
တိတ်ဆိတ်တဲ့ ညတွေအလယ်
ရက်စက်သလား တွေးလာတယ်
ထားရှိခဲ့ကတိတွေလည်း မယုံချင်တော့ဘူး
ရှင်းပြခဲ့ဦး
♪
ရှင်းပြခဲ့ဦး
♪
အိမ်ပြင်မှာ နှင်းစက်တွေတဖွဲဖွဲကျ
နှလုံးသားမှာ မအေးစက်နိုင်
လွမ်းရက်တွေ မွန်းကြပ်လာတော့
ဆိုနေကျ သီချင်းလေးတွေညီးရင်းနဲ့
အချစ်နဲ့အတူလျှောက်ခဲ့တဲ့
လမ်းလေးတွေငေးကြည့်တုန်း
မျှော်နေပြီ သူလာမယ့်နေ့
အိမ်ပြန်လမ်းမှာ ချယ်ရီပန်းတွေ
ရင်ခုန်တဲ့ အကြင်နာအနမ်းတွေ
ခြွေနိုင်ဖို့အတွက် ပြင်ဆင်ထားပြီ
♪
အလွမ်းရက်တွေ များလာတယ်
အချစ်မရှိတော့ ခါးနေတယ်
စောင့်ခဲ့တဲ့ရက်တွေနဲ့ မနေချင်တော့ဘူး
တိတ်ဆိတ်တဲ့ ညတွေအလယ်
ရက်စက်သလား တွေးလာတယ်
ထားရှိခဲ့ကတိတွေလည်း မယုံချင်တော့ဘူး
ရှင်းပြခဲ့ဦိး
♪
ရှင်းပြခဲ့ဦိး
♪
ရှင်းပြခဲ့ဦး
♪
ရှင်းပြခဲ့ဦး
Поcмотреть все песни артиста
Other albums by the artist