Phyu Phyu Kyaw Thein - Main Ka Lay Ta Youk A Thel Kwel Nay Tal lyrics
Artist:
Phyu Phyu Kyaw Thein
album: Main Ka Lay Ta Youk A Thel Kwel Nay Tal
ဂျစ်ပစီလို တစ်ယောက်ထဲ လမ်းများထက်
ချန်ထားဖို့ မသင့်ဘူး
တိမ်တွေကိုကြည့်ပြီး လှမ်းအော်ရင်း
ရူးဖို့ မသင့်ဘူး
ရွာနေတဲ့ မိုးသည်းထဲကိုလည်း
ထွက်ပြေးဖို့ မသင့်ဘူး
ဆိုချင်တယ် ဘယ်သူ ကိုယ့်လောက်ချစ်သလဲ
ဒီသီချင်းအတိုင်း ငါရူး
မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်
စာနာသူရှိနိုင်ရင်လေ နားလည်လိမ့်မယ်
ဝေးသွားပြီးမှပဲ ပြန်လာပါ တောင်းပန်ချင်တယ်
ငါ့အပြစ်များအတွက် နင် ခွင့်လွှတ်တော့...
♪
ဒီတစ်ကြိမ်သာ ချစ်ဖူးတဲ့ ငါအသည်း
ခွဲဖို့ မသင့်ဘူး
ရှန်ပိန်တွေ တစ်ခွက်ပြီး တစ်ခွက်သောက်ရင်း
မူးဖို့ မသင့်ဘူး
ထိုင်နေမယ် တစ်ညလုံး မအိပ်နိုင်ပဲ
လွမ်းဖို့ မသင့်ဘူး
မမြင်နိုင်အောင် ဘယ်အထိ ပုန်းနိုင်မလဲ
မရက်စက်သင့်ဘူး
မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်
စာနာသူရှိနိုင်ရင်လေ နားလည်လိမ့်မယ်
ဝေးသွားပြီးမှပဲ ပြန်လာပါ တောင်းပန်ချင်တယ်
ငါ့အပြစ်များအတွက် နင် ခွင့်လွှတ်တော့...
♪
ခွင့်လွှတ်တယ်ဆို ပြန်လာ
ခွင့်လွှတ်ရင် မင်းပြန်ခဲ့
ဒီရင်မှာ ဟာနေတာတွေ မင်းမှမရှိပဲ
ခွင့်လွှတ်တယ်ဆို ပြန်လာ
ခွင့်လွှတ်ရင် မင်းပြန်ခဲ့
လူမြင်အောင် မကြေညာနိုင်တဲ့ မိန်းကလေး
အသည်းကွဲနေတယ်
အသည်းကွဲနေတယ်...
မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်
စာနာသူရှိနိုင်ရင်လေ နားလည်လိမ့်မယ်
ဝေးသွားပြီးမှပဲ ပြန်လာပါ တောင်းပန်ချင်တယ်
ငါ့အပြစ်များအတွက် နင် ခွင့်လွှတ်တော့...
မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်
စာနာသူရှိနိုင်ရင်လေ နားလည်လိမ့်မယ်
ဝေးသွားပြီးမှပဲ ပြန်လာပါ တောင်းပန်ချင်တယ်
ငါ့အပြစ်များအတွက် နင် ခွင့်လွှတ်တော့...
နင် ခွင့်လွှတ်တော့...
နင် ခွင့်လွှတ်တော့...
နင် ခွင့်လွှတ်တော့...
မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်...
Поcмотреть все песни артиста
Other albums by the artist