အေးချမ်းတဲ့ လမ်းများ ဝေးပျက်ခဲ့တယ်
ငါဟာ အသည်းကွဲခြင်းက နိုးထနိုင်ဖို့ ကြိုးစား
ငါကိုယ်တိုင် ငါ့မျက်ရည်နဲ့
ငါ့နှလုံးသားကို သန့်စင်လိုက်စမ်း
အချိန်တွေကို လက်တွေ့ကျကျ အကျိုးရှိသွားအောင်သုံးချစမ်း
မင်းကြောင့် ငါ့ဘ၀ လဲကျရစ်ခဲ့တယ်
သေချာတာ ချစ်မိခဲ့တဲ့ ငါရဲ့အပြစ်ဟာ
နောက်ကျခဲ့တယ်
ငါဟာ စိတ်ညစ်ညစ်နဲ့ ရှုံးနိမ့်ခြင်းကို ဆုပ်ကိုင်ရမလား
ရက်စက်ခဲ့တဲ့ မင်းကြင်နာတွေ မေ့ပစ်လိုက်တော့
ငါပေးခဲ့ပေမဲ့ ပြန်ရခဲ့ရတာ အမုန်းဟေ့
ငါရင်ဆိုင်နေတာ မီးတောက်ပဲဟေ့
တုန့်ပြန်ခြင်းကို တစ်နေ့မှာ မင်းလည်းပြန်ယူစေ
ငါချစ်ခဲ့သလိုပဲ တစ်ချိန်ချိန်မှာ မင်းလည်း နားလည်ပါစေ
အကြင်နာတာတွေကို နာတာတွေနဲ့ ဖုံးလွှမ်းလိုက်ဟေ့
ငါ့ရင်ထဲမှာ အမုန်းတွေကို ထိန်းမရအောင် စုဝေး
အရှုံးများနဲ့တော့ တို့ကြာကြာမနေဘူး
ကြာရင် အသည်းကွဲခြင်းက မထူးဆန်းတော့ဘူး
ဒီလိုသာ လွမ်းဆွေးပြီးနေရင်
ငါဟာ ရူးသွားလိမ့်မယ်
ဒီချိန်မှာ ချစ်ခဲ့ခြင်းကို မစဉ်းစားတော့ဘူး
ငါ လုံး၀ မုန်းနေပါပြီ
နောက်ကြောင်းများ ပြန်မတွေးဘူး
အကြင်နာတာတွေကို နာတာတွေနဲ့ ဖုံးလွှမ်းလိုက်တော့
ရင်မှာ ပတ်သက်မှု မရှိတော့ဘူး
နင် နေ့ရက်ဟောင်းမှာ နေခဲ့
ဘယ်တော့မှ ပြန်မလွမ်းဘူး
အကြင်နာတာတွေကို နာတာတွေနဲ့ ဖုံးလွှမ်းလိုက်တော့
ရင်မှာ မင်းလုံး၀ မရှိတော့ဘူး
မလွမ်းဘူး
မင်းကြောင့် ငါ့ဘ၀ လဲကျရစ်ခဲ့ပြီ
ချစ်မိတဲ့ ငါ့အပြစ်တစ်ခု မေ့ပစ်လိုက်
အမြဲစိတ်ညစ်ညစ်နဲ့ အရှုံးတွေကို ငါဆုပ်ကိုင်ရမလား
မင်းကို အကြင်နာတာတွေ လွှင့်ပစ်ခဲ့မယ် ဆွဲဆုတ်ပြစ်လိုက်
ကုန်အောင်ဖျက်ဆီးလိုက်
ငါပေးခဲ့ပေမဲ့ ပြန်ရခဲ့ရတာ အမုန်းဟေ့
ငါ ရင်ဆိုင်နေတာ မီးတောက်ပဲဟေ့
တစ်ချိန်မှာ မင်းဟာ ငါ့ကို တစ်နေ့တော့ ပြန်ပူမယ်
ငါဖြစ်ခဲ့သလိုပဲ
တစ်ချိန်ချိန်မှာ မင်းလည်းနားလည်ပါစေ
အကြင်နာတာတွေကို နာတာတွေနဲ့ ဖုံးလွှမ်းလိုက်ဟေ့
ငါ့ရင်ထဲမှာ အမုန်းတွေ ထိန်းမရအောင် စုဝေး
အရှုံးများနဲ့တော့ တို့ကြာကြာမနေဘူး
ကြာရင် အသည်းကွဲခြင်းက မထူးဆန်းတော့ဘူး
ဒီလိုသာ လွမ်းဆွေးပြီးနေရင် ရင်နာတာရူးသွားလိမ့်မယ်
ဒီချိန်မှာ ချစ်ခဲ့ခြင်းကို မစဉ်းစားတော့ဘူး
ငါလုံး၀မုန်းနေပါပြီ
နောက်ကြောင်းများ ပြန်မတွေးဘူး
အကြင်နာတာတွေကို နာတာတွေနဲ့ ဖုံးလွှမ်းလိုက်တော့
ရင်မှာ ပတ်သက်မှု မရှိတော့ဘူး
နင် နေ့ရက်ဟောင်းမှာ နေခဲ့
ဘယ်တော့မှ ပြန်မလွမ်းဘူး
အကြင်နာတာတွေကို နာတာတွေနဲ့ ဖုံးလွှမ်းလိုက်တော့
ရင်မှာ မင်းလုံး၀မရှိတော့ဘူး
မရှိဘူး မလွမ်းဘူး... ရေ-ဟိ-ရေး
(နေရစ်တော့ နေ့ရက်ဟောင်းမှာ)
ရင်မှာ ပတ်သက်မှု မရှိတော့ဘူး
(နေရစ်တော့ နေ့ရက်ဟောင်းမှာ)
ရင်မှာ ပတ်သက်မှု မရှိတော့ဘူး
(နေရစ်တော့ နေ့ရက်ဟောင်းမှာ)
ရင်မှာ ပတ်သက်မှု မရှိတော့ဘူး
(နေရစ်တော့ နေ့ရက်ဟောင်းမှာ)
ရင်မှာ ပတ်သက်မှု မရှိတော့ဘူး
(နေရစ်တော့ နေ့ရက်ဟောင်းမှာ)
ရင်မှာ မင်းလုံး၀မရှိတော့ဘူး
(နေရစ်တော့ နေ့ရက်ဟောင်းမှာ)
ရင်မှာ ပတ်သက်မှု မရှိတော့ဘူး
(နေရစ်တော့ နေ့ရက်ဟောင်းမှာ)
Поcмотреть все песни артиста
Other albums by the artist