Phyu Phyu Kyaw Thein - A Ni Sone Lar A Way Sone Lar lyrics
Artist:
Phyu Phyu Kyaw Thein
album: Lone Wa Ma Thet Saing Tot Par
အူ-ဝူး-ဟူ
အူ-ဝူး-ဟူး
နီးနီးလေးပဲ မင်းနဲ့အတူနေချင်လို့
မိုင်တွေဘယ်လောက်ဝေး နောက်ကလိုက်လေ
မင်းလေးလျှောက်လိုက် ကိုယ်လည်းခြေရာထပ်မယ်
ကံဇာတာကဘာလဲ ရင်ဆိုင်လိုက်မယ်
မိုးလင်းမိုးချုပ် မင်းနဲ့အတူနေချင်မိ
သူငြိုငြင်မှာလား ပြောထားဦးကွယ်
လက်ရှိတို့ရဲ့နေ့များ နေ၀င်သွားရင်
ခန္ဓာကိုယ်မဲ့လဲ ဝိညာဉ်ရှိတယ်
လေ-လို့-လေ-လို့-လေ
လေ-လို့-လေ-လို့-လေး
တို့အချစ်တွေ ဆုံးဖို့လမ်းမရှိ
အနီးဆုံးလား အဝေးဆုံးလား
မင်းနဲ့အတူ အမြဲတမ်းရှိမယ်
ဘာတွေကောင်းလဲ ဘာတွေဆိုးလဲ
ရင်ဆိုင်လို့ ချစ်ပါရစေ
မင်းလေးပဲ မင်းလေးကြောင့်
တို့ဘ၀ဟာ အသက်ရှုနေခဲ့
အကြင်နာများစွာ ယူဆောင်ရင်းလေ
ထာဝရအနား ရှိမယ် အချစ်ရေ
♪
ပြောင်းလဲတတ်တဲ့ တို့ရဲ့ဒီကမ္ဘာမြေထဲ
တည်မြဲခြင်း အကြောင်းတစ်ခုရှိတယ်
မင်းနဲ့တို့နဲ့ ချစ်တဲ့ အကြင်နာပဲလေ
ရင်ခုန်သံတွေ အင်အား မရပ်ဘူးလေ
သိပ်ချစ်ရတဲ့ မင်းနဲ့ အတူနေရုံပဲ
ကျန်တာတွေ ဘာမှ အရေးမကြီးဘူးလေ
မျက်စိမှိတ် ချစ်တော့ ဘာဖြစ်သေးလဲ
ကြင်နာသူကိုပဲ အမြဲယုံမိတယ်
လေ-လို့-လေ-လို့-လေ
လေ-လို့-လေ-လို့-လေး
တို့အချစ်တွေ
ဆုံးဖို့လမ်းမရှိ
အနီးဆုံးလား အဝေးဆုံးလား
မင်းနဲ့အတူ အမြဲတမ်းရှိမယ်
ဘာတွေကောင်းလဲ ဘာတွေဆိုးလဲ
ရင်ဆိုင်လို့ချစ်ပါရစေ
မင်းလေးပဲ မင်းလေးကြောင့်
တို့ဘ၀ဟာ အသက်ရှုနေခဲ့
အကြင်နာများစွာ ယူဆောင်ရင်းလေ
ထာ၀ရအနားရှိမယ် အချစ်ရေ
♪
လေ-လို့-လေ-လို့-လေ
လေ-လို့-လေ-လို့-လေး
တို့အချစ်တွေ
အဆုံးသတ် လမ်းမရှိ
လေ-လို့-လေ-လို့-လေ-လို့-လေး
အချစ်တွေ စိတ်ရှိတိုင်း ချစ်သွားလေ
ရှေ့ဆက်သွားလိုက်
အနီးဆုံးလား အဝေးဆုံးလား
မင်းနဲ့အတူ အမြဲတမ်းရှိမယ်
ဘာတွေကောင်းလဲ ဘာတွေဆိုးလဲ
တိုင်ပင်လို့ ချစ်ပါရစေ
မင်းလေးပဲ မင်းလေးကြောင့်
တို့ဘ၀ဟာ ရှင်သန်ရင်းနဲ့
အချစ်စစ်တို့ ယူဆောင်ရင်း
မင်းရဲ့အနားမှာတို့လေ အမြဲရှိနေ
အနီးဆုံးလား အဝေးဆုံးလား
မင်းနဲ့အတူ အမြဲတမ်းရှိမယ်
ဘာတွေကောင်းလဲ ဘာတွေဆိုးလဲ
အားလုံးမေ့ချစ်ပါရစေ
မင်းလေးပဲ မင်းလေးကြောင့်
တို့ဘ၀ဟာ အသက်ရှုတတ်ခဲ့
အချစ်စစ်တွေ ယူဆောင်ရင်း
မင်းရဲ့နားမှာရှိမယ်
ကိုယ့်အချစ်ရေ
Поcмотреть все песни артиста
Other albums by the artist