Kishore Kumar Hits

Eternal Gosh - နောက်ဆုံးညနေ lyrics

Artist: Eternal Gosh

album: ခြောက်ထောင့်ကြယ်


မျက်ဝန်းအိမ်ငယ်ထဲမှာ ခံစားသမျှတွေ
လေမုန်တိုင်းပင်လယ်ထဲမှာ ရွက်လွှင့်ရသလိုပဲ
သံယောဇဥ်အိုင်ထဲမှာ ကူးခတ်ဆဲပါပဲ
နေညိုချိန်မျှော်လင့်ချက် ကုန်ခဲ့
လမ်းခွဲမယ်လို့ ပြောလိုက်တာလား
ကိုယ့်နားနဲ့မကြားဝံ့ပါကွယ်
ရင်ထဲနင့်စေခဲ့သောစကားတွေနဲ့
အို မောင်းမထုတ်လိုက်ပါ
အိပ်မက်တွေ အကုန်လုံးအတူ တည်ဆောက်ခဲ့တယ်
အချစ်အိမ်လေးဟာ တည်းတည်းလေး ယိုင်လဲတော့မယ်
သံယောဇဥ် အကုန်လုံးကို ကျိုးကြေမယ့်စကားနဲ့
သိမ်ငယ်စွာ ကိုယ်ဝမ်းနည်း မျက်ရည်ဝဲ
လမ်းခွဲမယ်လို့ ပြောလိုက်တာလား
ကိုယ့်နားနဲ့မကြားဝံ့ပါကွယ်
ရင်ထဲနင့်စေခဲ့သော စကားတွေနဲ့
အို မောင်းမထုတ်လိုက်ပါနဲ့
အလိုက်တသိ ထွက်သွားပေးပါ့မယ် အချစ်လေး
ဒီတစ်ခါအလှဆုံးလေးပဲ ပြုံးပါကွယ် အချစ်ရယ်
သြ နောက်ဆုံးညနေ အမှောင်ဆုံးလမ်းတွေထဲ
လမ်းခွဲစကားလုံးတွေ မပြောပဲနင်နှုတ်ဆက်ပေးပါ အချစ်လေး
ဒီတစ်ခါအလှဆုံးလေးပဲ ပြုံးပါကွယ် အချစ်ရယ်
သြ နောက်ဆုံးညနေ အမှောင်ဆုံးလမ်းတွေထဲ
ချစ်တတ်လွယ်သူ မုန်းတတ်လွယ်သူအား
မေ့ဖို့ကမလွယ်ဘူးကွယ်
ရက်စက်လွယ်သူအား ပေးဆပ်လွယ်သူမို့
ကိုယ်အရှုံးပေးလို့ထားဆဲပါကွယ်
ရင်ထဲနင့်စေခဲ့သောစကားတွေနဲ့
အို မောင်းမထုတ်နဲ့
အလိုက်တသိ ထွက်သွားပေးပါ့မယ် အချစ်လေး
ဒီတစ်ခါအလှဆုံးလေးပဲ ပြုံးပါကွယ် အချစ်ရယ်
သြ နောက်ဆုံးညနေ အမှောင်ဆုံးလမ်းတွေထဲ
လမ်းခွဲစကားလုံးတွေ မပြောပဲနင်နှုတ်ဆက်ပေးပါ အချစ်လေးရာ
ဒီတစ်ခါအလှဆုံးလေးပဲ ပြုံးပါကွယ် ချစ်သူရယ်
သြ နောက်ဆုံးညနေ အမှောင်ဆုံးလမ်းတွေထဲ
သြ နောက်ဆုံးညနေ အမှောင်ဆုံးလမ်းတွေထဲ
မောင်းမထုတ်လိုက်ပါနဲ့

Поcмотреть все песни артиста

Other albums by the artist

Similar artists