Kishore Kumar Hits

Eternal Gosh - A Chit Ni Dan lyrics

Artist: Eternal Gosh

album: A Chit Ni Dan


ရင်ခုန်သံတွေ ဖြန့်ကျဲပြီး
ကောင်းကင်မှာ တိမ်ဆိုင်တွေကို ငါငေးကြည့်
ခန့်မှန်းလို့မရပါ မင်းမျက်ဝန်းတွေလိုပဲ
ကိုယ်သာစိတ်လှုပ်ရှားကာ မောပန်းစွာကျန်ခဲ့
တခါတလေမှာ အရောင်ပြောင်းသည်
လေနှင်ရာပုံစံတွေကိုသာ အရင်းတည်
ခန့်မှန်းလို့မရပါ မင်းနှုတ်ခမ်းတွေလိုပဲ
ကိုယ်သာ စွဲလမ်းချင်းရဲ့ တစ်ခန်းရပ်မှာ ကျန်ခဲ့
အစိမ်းရောင်လေးတွေပဲ ရွေးချယ်မှာသိတယ်
မင်းအရိပ်နောက်မှာ ချန်ခဲ့
အပြုံးတွေနဲ့ အရည်ပျော်သွားခဲ့ ပြီးပြီပဲ
လျှို့ဝှက်ထားတယ် ကိုယ့်ရဲ့ စကားတွေနဲ့
မင်းသိရဲ့လား မင်းသိရဲ့လား
တိတ်တိတ် ချစ်နေခဲ့တာ
မျက်နှာလေး အဝေးကပဲ ခိုးပြီးလှမ်းကြည့်ရ
မင်းသိမှာပါ မင်းသိမှာပါ
အလွမ်းနဲ့ ကိုယ့်ဆီက
ဆွေးဆွေးလေး တိုးတိုးလေး
ချစ်တဲ့အကြောင်းလေးများ
မင်းနားလည်ပါ
(ဒါဒါဒါး ဒါဒါဒါး ဒါဒါဒါဒါဒါ)
(ဒါဒါဒါး ဒါဒါဒါး ဒါဒါ)
ဘယ်ဆီဘယ်ဝယ် ကိုယ်မသိသည်
ကိုယ်ဟာ လေဟာနယ်တွေလို ဖြစ်တည်
မင်းရှိရာ မှန်းဆရည်ရွယ်ပြီး
ကိုယ်နေ့တိုင်း လွမ်းသည်
မျှော်လင့်ချက်တွေအပြည့်နဲ့
စွဲလမ်းနေမိခဲ့
အို အခန်းလေးထဲမှာ နေ့စဉ်ညစဉ်
ရင်ခုန်သံတွေမြန်နေတာ
မင်းလေးမသိပါ ကိုယ်ရဲ့ အဖြစ်တွေအား
မင်းသိရဲ့လား မင်းသိရဲ့လား
တိတ်တိတ် ချစ်နေခဲ့တာ
မျက်နှာလေး အဝေးကပဲ ခိုးပြီးလှမ်းကြည့်ရ
မင်းသိမှာပါ မင်းသိမှာပါ
အလွမ်းနဲ့ ကိုယ့်ဆီက
ဆွေးဆွေးလေး တိုးတိုးလေး
ချစ်တဲ့အကြောင်းလေးများ
မင်းနားလည်ပါ
(ဒါဒါဒါး ဒါဒါဒါး ဒါဒါဒါဒါဒါ)
(ဒါဒါဒါး ဒါဒါဒါး ဒါဒါ)
မင်းသိမှာပါ
(ဒါဒါဒါး ဒါဒါဒါး ဒါဒါဒါဒါဒါ)
(ဒါဒါဒါး ဒါဒါဒါး ဒါဒါ)
မင်းသိရဲ့လား

မျက်နှာလေး အဝေးကပဲ ခိုးပြီးလှမ်းကြည့်ရ
မင်းသိမှာပါ မင်းသိမှာပါ
အလွမ်းနဲ့ ကိုယ့်ဆီက
ဆွေးဆွေးလေး တိုးတိုးလေး
ချစ်တဲ့အကြောင်းလေးများ
(ဒါဒါဒါး ဒါဒါဒါး ဒါဒါဒါဒါဒါ)
Aww, no no no no no no
(ဒါဒါဒါး ဒါဒါဒါး ဒါဒါဒါဒါဒါ)
(ဒါဒါဒါး ဒါဒါဒါး ဒါဒါ)

Поcмотреть все песни артиста

Other albums by the artist

Similar artists