Eternal Gosh - Mar Yar Cho Chin lyrics
Artist:
Eternal Gosh
album: YOUR SURPRISE IS OUR HEARTBEATS
မျက်တောင်လေးတွေ ခတ်ပြီး
အကြည့်တွေကို လွှဲတယ်
မင်းမျက်ဝန်းတွေ လိုက်လိုက်ဖမ်းနေရတာ မောတယ်
မကောင်းတတ်လွန်းလို့ ဒီသဘောရိုးတွေ
ခင်းကျင်း ထားတာလား
မင်းမနှစ်သက်တဲ့ လူတစ်ယောက်မို့လို့
အရေးမလုပ်တော့တာလား
ဖွင့်ပြောရင်မှားမလား
မျှော်လင့်တာမှားလား ကလေးရေ
ရေခဲမုန့်လေးလို မင်းရဲ့စကားတွေ
အေးစက်စက်လေးနဲ့ ချိုမြိန်တယ်
ဒိန်ခဲလိုစိတ်နဲ့ အရိုးလိုမျက်တယ်
ရောနှောထားတဲ့ ချိုချဉ်လိုပဲ
ခါးတစ်လှည့် စပ်တစ်လှည့်
ချိုတစ်လှည့် အသဲပေါ်
ပေးတတ်လွန်း သူရယ်
တုံးခုလှမ်းဖို့ တံချူဖွက်ထားတာ
ပန်းနဲ့ မထိုက်လို့လား
မျှော်လင့်တာမှားလား
စွဲလန်းတာမှားလား
ကလေးရေ ကလေးရေ
ငါဘယ်လောက် သိပ်ချစ်ရတာ
မင်း သိဖို့ကောင်းတယ်
ကမ္ဘာမြေကြီး မေးကြည့်လိုက်ပါ
သက်သေ တည်ထားတယ်
အို သစ္စာတရားတွေ မေတ္တာတရားတွေ
မိုးပြီး ချစ်ပါမယ်
အို ငါဟာမင်းလေးအတွက်နဲ့ဆို
ဘီလူးသရဲကြီးရဲ့မျက်ရည်များနဲ့
ပင်လယ်ကြီး တစ်စင်းလုပ်ပြီး
ရွှေလက်ဆောင်တော်ပေးမယ်
သစ္စာတရားတွေ မေတ္တာတရားတွေ
မိုးပြီး ချစ်ပါမယ်
ဖွင့်ပြောတာမှားလား
စွဲလန်းတာမှားလား
စွဲလန်းတာမှားလား
မြတ်နိုးတာမှားလား
ကလေးရယ်
ဟူး ဟူ
ဟူး ဟူး ဟူ ဟူး
မှားလား
စွဲလန်းတာမှားလား
Поcмотреть все песни артиста
Other albums by the artist