Eternal Gosh - La Min Yay Thaw Tan Chin lyrics
Artist:
Eternal Gosh
album: Kaung Kin A Ni
သူစိမ်းလို့မပြောပါနဲ့
ရင်းနှီးချင်သူ အပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာ အခွင့်မသာခဲ့ရင်
နောက်ဆုတ်သွားမှာပါ
မောင်းထုတ်ပစ်လိုက်မှာလား
ကစားဖို့အရုပ်တရုပ်ရသလိုပျော်ပီး
မင်းကစားတော့မှာလား
စေတနာထား ရက်စက်တော့မှာလား
အိမ်မက်ထဲမှာပဲ နေပရစေကွယ်
မ၀င်လာစေချင်လည်းကွယ်
အရသာရှိစွာခံယူဦးမယ်
အလွမ်းက တဆက်ဆက်နာတယ်
တကယ်ဆို တားဆီးထားတဲ့ စည်းတွေရှိတာ
နားလည်ပါတယ်
အို မင်းက သနားရင် ငါ့အတွက်ဆု
ငါကံမကောင်းခဲ့ရင်
လမင်းလေး မင်းကတော့ သိနိုင်မယ် မထင်ဘူး
ငါမင်းကို ညစဉ် ကျိတ်ပီးရူး
ရင်ထဲမှာမောတာ မရပ်သေးဘူး
လမင်းလေး မင်းကတော့ သိနိုင်မယ် မထင်ဘူး
ငါအခွင့်အရေးလေးရှိရင် မင်းရှေ့မှောက်ငါ ခစားချင်တယ်
မင်းအနား ရှိနေခဲ့တာ
ရှိနေခဲ့တာ
ငါမြတ်နိုးလွန်းလို့
သူစိမ်းလို့မပြောပါနဲ့
ရင်းနှီးချင်သူ အပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာ အခွင့်မသာခဲ့ရင်
နောက်ဆုတ်သွားမှာပါ
သစ္စာ အဓိပတိအနမ်းများခြွေရာ
ငါ့နှလုံးသားဥယာဉ်က
တလောကသိအောင်အော်ပြောလိုက်ချင်တယ်
မင်းကို တန်ဖိုးထားတဲ့
အကြောင်းတွေကို
အိမ်မက်ထဲမှာပဲ နေပရစေကွယ်
မ၀င်လာစေချင်လည်းကွယ်
အရသာရှိစွာခံယူဦးမယ်
အလွမ်းက တဆက်ဆက်နာတယ်
တကယ်ဆို တားဆီးထားတဲ့ စည်းတွေရှိတာ
နားလည်ပါတယ်
အို မင်းက သနားရင် ငါ့အတွက်ဆု
ငါကံမကောင်းခဲ့ရင်
လမင်းလေး မင်းကတော့ သိနိုင်မယ် မထင်ဘူး
ငါမင်းကို ညစဉ် ကျိတ်ပီးရူး
ရင်ထဲမှာမောတာ မရပ်သေးဘူး
လမင်းလေး မင်းကတော့ သိနိုင်မယ် မထင်ဘူး
ငါအခွင့်အရေးလေးရှိရင် မင်းရှေ့မှောက်ငါ ခစားချင်တယ်
မင်းအနား ရှိနေခဲ့တာ
ရှိနေခဲ့တာ
ငါမြတ်နိုးလွန်းလို့
အို့
လမင်းလေး မင်းကတော့ သိနိုင်မယ် မထင်ဘူး
ငါမင်းကို ညစဉ် ကျိတ်ပီးရူး
ရင်ထဲမှာမောတာ မရပ်သေးဘူး
လမင်းလေး မင်းကတော့ သိနိုင်မယ် မထင်ဘူး
ငါအခွင့်အရေးလေးရှိရင် မင်းရှေ့မှောက်ငါ ခစားချင်တယ်
မင်းအနား ရှိနေခဲ့တာ
ရှိနေခဲ့တာ
ငါမြတ်နိုးလွန်းလို့
Поcмотреть все песни артиста
Other albums by the artist