Khine Htoo - Shwe Lel Tine lyrics
Artist:
Khine Htoo
album: Khine Htoo Yae Khine Htoo
ရင်ခုန်သံ လေးတွေ
ကြားယောင်နေ ဆဲကွယ်
နှစ်ယောက်အတူတူ ချိန်းတဲ့ ချစ်ရိပ်မြုံလေးဝယ်
ကြင်နာချစ်စကားတွေ
မမေ့နိုင်အောင်ပဲကွယ်
အိပ်မပျော်နိုင်တဲ့ ညရဲ့ အတွေးကမ္ဘာထဲဝယ်
ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးနံလေးတွေနဲ့
ရင်ခွင်ကြားမှ ခေါင်းကလေးငုံ့ကာ
ရှက်ပြုံးကလေး ပြုံးနေခဲ့တယ်
ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးနံလေးတွေနဲ့
ရင်ခွင်ကြားမှ ခေါင်းကလေးငုံ့ကာ
ရှက်ပြုံးကလေး ပြုံးနေခဲ့သူရယ်
မပြေလည်စရာ လေးတွေ
ချစ်သူတွေ ကြားကို
ရောက်လာတတ်စမြဲမို့ ဆုံးဖြတ်မယ်ကြံတိုင်းကွယ်
ကြင်နာသူ လေးရယ်
စဉ်းစားပါ ဦးကွယ်
ချစ်စံအိမ်ကလေး ပျောက်ပျက်သွားမှာစိုးတယ်
ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးရနံလေးတွေနဲ့
ရင်ခွင်ကြားမှ ခေါင်းကလေးငုံ့ကာ
ရှက်ပြုံးကလေး ပြုံးနေခဲ့တယ်
ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးနံလေးတွေနဲ့
ရင်ခွင်ကြားမှ ခေါင်းကလေးငုံ့ကာ
ရှက်ပြုံးကလေး ပြုံးနေခဲ့သူရယ်
ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးရနံလေးတွေနဲ့
ရင်ခွင်ကြားမှ ခေါင်းကလေးငုံ့ကာ
ရှက်ပြုံးကလေး ပြုံးနေခဲ့တယ်
ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးနံလေးတွေနဲ့
ရင်ခွင်ကြားမှ ခေါင်းကလေးငုံ့ကာ
ရှက်ပြုံးကလေး ပြုံးနေခဲ့သူရယ်
Поcмотреть все песни артиста
Other albums by the artist