Khine Htoo - Tay Myone Hgnat lyrics
Artist:
Khine Htoo
album: Tay Myone Hgnat
တေးမြုံငှက်
ရေး-မောင်သစ်မင်း၊ ဆို-ခိုင်ထူး
မိုးကောင်းကင်ငွေတိမ်ပွင့်တွေကြား
တေးဆိုမပျော်ပါးနိုင်အားပါ
ကမ္ဘာထောင့်ကြားနေရာလေးမှာ
လောကကို ငေးမောကြည့်နေသလို
အာခံတွင်းထဲ ငုံကာ ထားတဲ့
တေးတစ်ပုဒ်တော့ရှိမယ် ထင်ရဲ့
ကြင်နာခြင်းလား၊ နာကျင်ခြင်းလား
ပျော်ရွှင်ခြင်းလား၊ ငိုယိုခြင်းလား
အိုဘယ့်... အို...
တေးမြုံငှက်
တခြားငှက်တွေလေဟုန်စီးနေဆဲ
အများနှယ် မပျံဝဲပါလားကွယ်
အမှောင်ရိပ်ထဲ ခိုဝင်နားကာ
သောကတွေကြိုးစားမေ့နေသလို
အာခံတွင်းထဲ ငုံကာ ထားတဲ့
တေးတစ်ပုဒ်တော့ရှိမယ် ထင်ရဲ့
မျိုသိပ်ခြင်းလား၊ အိပ်မက်ခြင်းလား
ငြိမ်သက်ခြင်းလား၊ ထိမ်ဝှက်ခြင်းလား
အိုဘယ့်... အို...
တေးမြုံငှက်
ပန်းပွင့်တွေအန်ထုတ်ပေးကာပဲ
ဘဝကို ဖန်ဆင်းနေမြဲသာ
ရာသီစက်ဝိုင်းအချိန်တိုင်းမှာ
မျိုးဆက်ကို ထိန်းသိမ်းထားနေသလို
အာခံတွင်းထဲ ငုံကာ ထားတဲ့
တေးတစ်ပုဒ်တော့ရှိမယ် ထင်ရဲ့
ရင်ခုန်ခြင်းလား၊ ကျေနပ်ခြင်းလား
ရှာဖွေခြင်းလား၊ ရှောင်ဖယ်ခြင်းလား
အိုဘယ့်... အို...
တေးမြုံငှက်
အိုဘယ့်... အို...
တေးမြုံငှက်
အိုဘယ့်... အို...
တေးမြုံငှက်
အိုဘယ့်... အို...
တေးမြုံငှက်
Поcмотреть все песни артиста
Other albums by the artist