Ba Din - Nay Yar (2) lyrics
Artist:
Ba Din
album: Nay Yar
ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်
အမြဲတမ်းပဲ ရှင်းလင်း ထားပါတယ်
ဝေးနေပါသော်လည်း မျှော်လင့်ဆဲပါ
ပြက္ခဒိန်စာရွက်များ တစ်ရွက်စီလွန်ပေမယ့်
မင်းအတွက် ရင်မှာ
တစ်နေရာစာ ကိုယ်ဦးထားတယ် အိုးအို့
အချစ်ရေ
အလွမ်းတွေမြုံနေတဲ့ စိတ်ကူးများ
ညညကျ အိပ်မက်ဖြစ်လာတော့
လှိုက်ဖိုရင်ခုန်ခြင်း မနက်ခင်းတိုင်း
အနမ်းတွေ ဝေဆာတဲ့
အတိတ်မှာနေထိုင်ရင်း
မင်းအတွက်ရင်မှာ
တစ်နေရာစာ ကိုယ်သိမ်းထားတယ် အိုးအို့
အချစ်ရေ
နေမယ်မနေဘူးကတော့ မင်းရဲ့သဘောပါ
သေချာတဲ့ နေရာက ရှိခဲ့ပြီ
မရေရာတဲ့ အကြောင်းတရားတို့ ဖိစီးသည့်တိုင်
သေချာတဲ့ ဒီနေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့ နေရာကို
ဖျက်ဆီးလို့မရတဲ့ နေရာကို
သိမ်းထားခဲ့တာ ကြာပါပြီ
ဦးထားခဲ့တာ ကြာပါပြီ
စောင့်စားခဲ့တဲ့ အချိန်တွေဟာလည်း သိပ် ကြာပြီ
အချစ်ဆိုတာဟာလည်း ခက်သားလားကွယ်
ရှင်းပြတိုင်း မရတဲ့ ပုစ္ဆာလို
ပေးနေပါသော်လည်း မရဘူးလို့ထင်
လွမ်းနေပေမယ့်လည်း မေ့ပြီထင်သူရယ်
မင်းအတွက်ရင်မှာ
တစ်နေရာစာချန်ထားဆဲပါ အိုးအို့
အချစ်ရေ
နေမယ်မနေဘူးကတော့ မင်းရဲ့သဘောပါ
သေချာတဲ့ နေရာက ရှိခဲ့ပြီ
မရေရာတဲ့ အကြောင်းတရားတို့ ဖိစီးသည့်တိုင်
သေချာတဲ့ ဒီနေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့ နေရာကို
ဖျက်ဆီးလို့မရတဲ့ နေရာကို
သိမ်းထားခဲ့တာ ကြာပါပြီ
ဦးထားခဲ့တာ ကြာပါပြီ
စောင့်စားခဲ့တဲ့ အချိန်တွေဟာလည်း သိပ် ကြာပြီ
Поcмотреть все песни артиста
Other albums by the artist