မင်းကလေးနဲ့ စကားပြောဖြစ်တဲ့ အချိန်အခါတွေတိုင်း
အိုး
ထူးဆန်းတဲ့ ရင်ခုန်သံတွေ ခံစား
နေရတဲ့ ခဏကို နှစ်ခြိုက်မိပါတယ်
တို့ဘဝကို လွှမ်းမိုးလွန်းသူရယ်
မင်းကလေးနဲ့တို့နဲ့ကြားက ခင်မင်မှုစည်း
အိုး
တို့ရှေ့သို့ ကိုယ်ဝင်လာချင်ပေမယ့်
မပျော်ရဲတဲ့ဘဝမှာ အားနည်းချက်တွေနဲ့
မပြောရဲပါ နှုတ်ဆိတ်လို့ ငြိမ်သက်
အိုး
မင်းကလေး ခိုးစိတ်စိုးတိတ်လွမ်းချိန်မှာ
ကိုယ်မြတ်နိုးတဲ့သီချင်းကလေးများကို တိုင်တည်နေမှာပါ
ဒါကို သိစိတ်အတွင်းက မရည်ရွယ်လည်း
မသိစိတ်ထဲက ရည်ရွယ်ထား
မင်းကလေးနဲ့ မတွေ့ဖြစ်ခဲ့တဲ့ အချိန်တွေမှုန်မှိုင်း
အိုး
စိုးရွံ့မှု ရင်ခွင်မှာအပူစိတ်လှိုင်း
ကြွေရမယ့်ခဏကို စိုးရွံ့မိနေခဲ့
တို့အဖြစ်ကို မင်းကလေး မသိနိုင်ခဲ့
မင်းကလေးနဲ့ စကားပြောဖြစ်တဲ့ အချိန်အခါတွေတိုင်း
အိုး
ထူးဆန်းတဲ့ ရင်ခုန်သံတွေ ခံစား
နေရတဲ့ ခဏကို နှစ်ခြိုက်မိပါတယ်
တို့ဘဝကို လွှမ်းမိုးလွန်းသူရယ်
မင်းကလေးနဲ့တို့နဲ့ကြားက ခင်မင်မှုစည်း
အိုး
တို့ရှေ့သို့ ကိုယ်ဝင်လာချင်ပေမယ့်
မပျော်ရဲတဲ့ဘဝမှာ အားနည်းချက်တွေနဲ့
မပြောရဲပါ နှုတ်ဆိတ်လို့ ငြိမ်သက်
အိုး
မင်းကလေး ခိုးစိတ်စိုးတိတ်လွမ်းချိန်မှာ
ကိုယ်မြတ်နိုးတဲ့သီချင်းကလေးများစွာ တိုင်တည်နေမှာပါ
ဒါကို သိစိတ်အတွင်းက မရည်ရွယ်လည်း
မသိစိတ်ထဲက ရည်ရွယ်ထား
အိုး
မင်းကလေး ခိုးစိတ်စိုးတိတ်လွမ်းချိန်မှာ
ကိုယ်မြတ်နိုးတဲ့သီချင်းကလေးများစွာ တိုင်တည်နေမှာပါ
ဒါကို သိစိတ်အတွင်းက မရည်ရွယ်လည်း
မသိစိတ်ထဲက ရည်ရွယ်ထား
အိုး
မင်းကလေး ခိုးစိတ်စိုးတိတ်လွမ်းချိန်မှာ
ကိုယ်မြတ်နိုးတဲ့သီချင်းကလေးများစွာ တိုင်တည်နေမှာပါ
Поcмотреть все песни артиста
Other albums by the artist