မျက်နှာထားတင်းတင်းနဲ့
နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ်
ကိုယ်အစွဲအလမ်းကြီးမှန်း
သိရက်သားနဲ့ မင်းပြောရက်တယ်
ပြောနိင်ပါတယ်ခေါင်းငုံ့ခံမယ်
ပြောနိင်ပါတယ် သည်းညည်းခံမယ်
ကိုယ့်ကို အမြဲတမ်း မင်းပြောနိင်ပါတယ်
ခြေလှမ်း ပြင်းပြင်းနဲ့
ကိုယ့်ရှေ့နားက ဖြတ်လျှောက်သွားတယ်
ကိုယ်နှလုံးသွေးများလဲ
ဒေါသစိတ်ကြောင့် ဖျဉ်းကနဲဖြစ်တယ်
မင်းမာနိင်တယ် မင်းအနိင်ယူကွယ်
မင်းမာနိင်တယ် သည်းညည်းခံမယ်
ကိုယ့်ကိုအမြဲတမ်း မင်းမာနိင်ပါတယ်
ကိုယ်ဘယ်လောက်အထိ ချစ်သလဲ မင်းသိသလား
ကိုယ်ဘယ်လောက်အထိ ခံမလဲ မင်းသိသလား
ကိုယ်ဘယ်လောက်ထိ မြတ်နိုးသလဲ
ကိုယ်ဘယ်လောက်အထိ တန်ဖိုးထားတယ်
ခံနိင်ရည် မင်းစမ်း ကြည့်တာလား
ယုံကြည်အောင်သွေးတိုးစမ်းတာလား
ကြည့်မှန်း သိရက်နဲ့
ခေါင်းငုံ့ကာမျက်နှာဖယ်တယ်
ကိုယ့်အသည်းနှလုံးများလဲ
ဆွဲခါသလို တဆတ်ဆတ်တုန်တယ်
အနင်းခံနိင်တယ် အရွဲ့ခံနိင်တယ်
အပြောခံနိင်တယ် အမုန်းခံတယ်
သည်းခံရင်းနဲ့ခေါင်းငုံ့ ချစ်နေမယ်
ကိုယ်ဘယ်လောက်အထိ ချစ်သလဲမင်းသိသလား
ကိုယ်ဘယ်လောက်အထိ ခံမလဲမင်းသိသလား
ကိုယ်ဘယ်လောက်ထိ မြတ်နိုးသလဲ
ကိုယ်ဘယ်လောက်အထိ တန်ဖိုးထားတယ်
ခံနိင်ရည် မင်းစမ်း ကြည့်တာလား
ယုံကြည်အောင်သွေးတိုးစမ်းတာလား
ကြည့်မှန်း သိရက်နဲ့
ခေါင်းငုံ့ကာ မျက်နှာဖယ်တယ်
ကိုယ့်အသည်းနှလုံးများလဲ
ဆွဲခါသလို တဆတ်ဆတ်တုန်တယ်
အနင်းခံနိင်တယ် အရွဲ့ခံနိင်တယ်
အပြောခံနိင်တယ် အမုန်းခံတယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ ချစ်နေမယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ ချစ်နေမယ်
သည်းခံရင်းနဲ့ ခေါင်းငုံ့ ချစ်နေမယ်
Поcмотреть все песни артиста
Other albums by the artist