လူတစ်ယောက်ကို မေ့နိုင်ဖို့
အချိန် ဘယ်လောက်ထိ လိုအပ်မလည်း
ပင်ပန်းလွန်းတဲ့ နေ့တွေကို
ငါတစ်ယောက်တည်း အံတုလို့
သံယောဇဉ် ဖြတ်နိုင်ဖို့
အချိန် ဘယ်လောက်ထိ ပေးရမလည်း
ကိုယ်တစ်ယောက်တည်း ပြိုင်ပြီး
တစ်ယောက်တည်း ငိုပြီး ပြန်ရတယ်
ဟိုး ဟိုး ဟို
မင်းဘက်က လက်ပြနှုတ်ဆက်ကာ
ထွက်သွား ဟား ဟာ
အို ထားခဲ့ဖို့ မင်းစိတ်မှာ
ဟိုးကတည်းက တွေးထားတာလား
နောက်ကျောဘက်က ဓားချက်ကို မြင်ပါတယ်
မင်းမှန်းသိလို့သာ ငြိမ်နေလိုက် ပါတယ်
ငါတစ်လှမ်းတိုးရင် နင်ကပဲ နောက်ဆုတ်လို့သွား
မင်းအနားမှာ နေချင်လို့ ကြိုးစားမိရုံပါ
မင်းထိုးတဲ့ ဓားချက်ကို မြင်ပေမယ့်
မင်းမှန်းသိလို့သာ ငြိမ်နေခဲ့ပါတယ်
မထိုက်တန်တဲ့သူက နောက်ဆုံး ရှုံးရမှာပဲ
ရေစက်ကုန်ရင် ဒီလိုပဲ ဝေးကြရပါတယ်
♪
သံယောဇဉ် ဖြတ်နိုင်ဖို့
အချိန် ဘယ်လောက်ထိ ပေးရမလည်း
တစ်ယောက်တည်း ပြိုင်ပြီး
တစ်ယောက်တည်း ငိုပြီး ပြန်ရတယ်
ဟိုး ဟိုး ဟို
မင်းဘက်က လက်ပြနှုတ်ဆက်ကာ
ထွက်သွား ဟား ဟာ
ထားခဲ့ဖို့ မင်းစိတ်မှာ
ဟိုးကတည်းက တွေးထားတာလား
အား ဟာ
နောက်ကျောဘက်က ဓားချက်ကို မြင်ပါတယ်
မင်းမှန်းသိလို့သာ ငြိမ်နေလိုက်ပါတယ်
ငါ တစ်လှမ်းတိုးရင် နင်ကပဲ နောက်ဆုတ်လို့သွား
မင်းအနားမှာ နေချင်လို့ ကြိုးစားမိရုံပါ
မင်းထိုးတဲ့ ဓားချက်ကို မြင်ပေမယ့်
ငါ မင်းမှန်းသိလို့ ငြိမ်နေခဲ့ပါတယ်
မထိုက်တန်တဲ့သူက နောက်ဆုံး ရှုံးရမှာပဲ
ရေစက်ကုန်ရင် ဒီလိုပဲ ဝေးကြရပါတယ်
ဟိုး ဟို အို ဝိုး
♪
ဟိုး ဟိုး ဟို
မင်းဘက်က လက်ပြနှုတ်ဆက်ကာ
ထွက်သွား ဟား ဟာ
အို ထားခဲ့ဖို့ မင်းစိတ်မှာ
ဟိုးကတည်းက တွေးထားတာလား
နောက်ကျောဘက်က ဓားချက်ကို မြင်ပါတယ်
မင်းမှန်းသိလို့သာ ငြိမ်နေလိုက်ပါတယ်
ငါ တစ်လှမ်းတိုးရင် နင်ကပဲနောက်ဆုတ်လို့သွား
မင်းအနားမှာ နေချင်လို့ ကြိုးစားမိရုံပါ
ဇာတ်သိမ်းရမယ့် အဆုံးသတ်ကို မြင်ပေမယ့်
မင်း မှန်း သိလို့သာ ငြိမ်နေခဲ့ပါတယ်
မထိုက်တန်တဲ့သူက နောက်ဆုံးရှုံးရမှာပဲ
ရေစက်ကုန်ရင် ဒီလိုပဲ ဝေးကြရပါတယ်
ဟူး ဟူး ဟူ
Поcмотреть все песни артиста
Other albums by the artist