Kyar Pauk - ချစ်သူသာ ပန်းတပွင့် lyrics
Artist:
Kyar Pauk
album: ချစ်သူသာ ပန်းတပွင့်
စကားလုံးလေးများ ဆွံ့အသွားချိန်ခဏ
နှလုံးသားထဲက ဖွင့်ဟ ထွက်ကျလာ
ရင်ခုန်သံကို ထိန်းလို့မရ ပိုတယ် မင်းပြောတဲ့အခါ
ချစ်သူဟာပန်းတစ်ပွင့် ဖြစ်နေမလား
ဒုက္ခအမျိုးမျိုး ပေးတတ်တဲ့ဒီဘဝ
အလှတရားလေး တစ်ခုတော့ ဖူးပွင့် ပေးခဲ့ရှာ
တစ်နေရာစာ ငါတိတ်တဆိတ် နားခိုနိုင်ခွင့် ရှိဖို့ရာ
ချစ်သူဟာ ပန်းတစ်ပွင့်ဖြစ်စေသား
ကံကြမ္မာ ဆိုတာ အမှားပြင်ဆင်ချိန်မရ
ကြိုတွက်ချက်လို့ မရတဲ့အရာ
မကြွေခင်အရင်ငါ မပိုင်ဆိုင်ချင်တဲ့ အခါ
ငါနောက်ကျ သွားပြီလား
စကားလုံးလေးများ လှပ အသက်ဝင်သွား
နှလုံးသားလေးလဲ သော့နဲ့ ခဏပိတ်ကာ
ရင်ခုန်သံကို ဘေးချိတ်လို့ နင်ရယ်ပြ လိုက်တဲ့အခါ
ချစ်သူဟာ ပန်းတစ်ပွင့်ဖြစ်လို့သွား
ကံကြမ္မာ ဆိုတာ အမှားပြင်ဆင်ချိန်မရ
ကြိုတွက်ချက်လို့ မရတဲ့အရာ
မကြွေခင်အရင်ငါ မပိုင်ဆိုင်ချင်တဲ့ အခါ
ငါနောက်ကျ သွားပြီလား
ငါနောက်ကျ သွားခဲ့လား
Поcмотреть все песни артиста
Other albums by the artist