Kaiza Tin Moong - Way Ya Tot Mae a Yar lyrics
Artist:
Kaiza Tin Moong
album: Kaiza Tin Moong Album Compilation, Vol. 1
လောကကြီးထဲ တို့အတူ ရောက်ရှိခဲ့တယ်
အမုန်းတရားများ မရှိခဲ့ပါ
လူတွေခေါ်ဆောင်ရာကို
မရှောင်ဘဲ လိုက်ခဲ့တယ်
အများပြောတဲ့ ဆိုးရွားတဲ့ လမ်းကျဉ်းလေးဟာ
မင်းနဲ့လျှောက်တဲ့အခါ
သာယာ စိုပြေကာရယ်
တစ်မူထူးခြားခဲ့တယ်
မင်းလိုက်လို့ရှာ
ငါ့ရဲ့ ပုံရိပ်လွှာ
တဖြည်းဖြည်းချင်း နီးလို့လာမှ
မင်းရဲ့ ရင်မှာ ကြောက်ရွံ့ထိတ်လန့်လာ
သွက်လက်တက်ကြွတဲ့ ငါ့ရဲ့အသည်းဟာ
မင်းနဲ့တွေ့တဲ့အခါ
ဒီဇင်ဘာလိုပဲ
အသာလေးနဲ့ အေးခဲသွားတယ်
ငြိခဲ့ဖူးတဲ့ မျက်လုံးလေးများမှာ
မင်းရဲ့ အသည်းစကားဟာ
မရေမရာပေါ်လာတဲ့
ခံစားမှု ရသကြွယ် အိုး ဘေဘီ
မိန်းကလေး မင်းမှာ
ချစ်သူ ရှိဖူးသလား
မင်းပေးထားခဲ့တဲ့ ဝေဒနာ
မင်းရဲ့အမြင်မှာ အောင်ပွဲပစ်မှတ်တစ်ခုလား
အားဆေးတစ်ခွက်ပမာ မင်းကိုအလိုရှိတာ
မလွမ်းဘူးဘဲနဲ့ လွမ်းချင်တာ
ငါ့အတွက် ထာဝရ ဝေးရတော့မယ့် အရာ
အိုး ဘေဘီ မိန်းကလေး မင်းမှာ
ချစ်သူ ရှိဖူးသလား
မင်းပေးထားခဲ့တဲ့ ဝေဒနာ
မင်းရဲ့အမြင်မှာ အောင်ပွဲပစ်မှတ်တစ်ခုလား
အားဆေးတစ်ခွက်ပမာ မင်းကိုအလိုရှိတာ
မလွမ်းဘူးဘဲနဲ့ လွမ်းချင်တာ
ငါ့အတွက် ထာဝရ ဝေးရတော့မယ့် အရာ
Поcмотреть все песни артиста
Other albums by the artist