Kaiza Tin Moong - A Chain Ma Lon Khin Mhar lyrics
Artist:
Kaiza Tin Moong
album: Kaiza Tin Moong Album Compilation Vol. 2
ဘီယာသောက်ရင် မင်းစိတ်ဆိုးတယ်
အရက်သောက်မိလို့က သေတောင်သေနိုင်တယ်
အိမ်ပြန်ရောက်ရင် ဖုန်းဆက်ခိုင်းတယ်
မဆက်မိလို့က သောက်ပြန်တယ်လို့ထင်မယ်
ဒီလို ဥပဒေတွေကြားထဲ
ငါ့အချစ်များ မပျက်စီးရလေအောင်
ငါထိန်းနေတယ် ဘာကြောင့်များလဲ
အပျိုလေးတွေ အနားလာကပ်ရင်
မင်းနဲ့ ပြတ်ဖို့ တော်တော်သေချာတယ်
သူငယ်ချင်းတွေဆီသွားပြီး
ထင်တိုင်းကြဲမိလို့က အိမ်တောင်ပြန်မလာနဲ့
ဒီလိုမိန်းမမျိုးမှ ချစ်မိတာမို့ ငါတုံးလွန်းပါတယ်
ဒီလိုဖြစ်ရင်တော့ မင်းကိုဖြတ်မှဖြစ်မယ်
မေ့ပစ်လိုက်ပြီ
နင်ဆိုတာဟာ မရှိတော့ပြီ
ဓာတ်ပုံများသည်
ဒီအချိန်မှာ ပြာဖြစ်သွားပြီ
နောက်တစ်ယောက် မပြောင်းခင်
နင်လာအော်ရင် ရယ်ပြလိုက်မယ်
ငါ့ရဲ့ အသည်းမှာ
နင်နေစရာ နေရာမရှိတော့ပြီ
ဒီကမ္ဘာမှာ အချိန်မလွန်ခင်မှာ ချစ်နိုင်ပါတယ် ငါဆိုတာကို
ဒီကမ္ဘာမှာ အချိန်မလွန်ခင်မှာ ကြိုက်နိုင်ပါတယ် ငါဆိုတာကို
ဒီကမ္ဘာမှာ အချိန်မလွန်ခင်မှာ တောင်းပန်နိုင်တယ် ငါဆိုတာကို
ဒီကမ္ဘာမှာ အချိန်မလွန်ခင်မှာ မင်းယူနိုင်တယ် ငါဆိုတာကို
ဒါပေမယ့် မေ့ပစ်လိုက်ပြီ
နင်ဆိုတာဟာ မရှိတော့ပြီ
ဓာတ်ပုံများသည်
ဒီအချိန်မှာ ပြာဖြစ်သွားပြီ
နောက်တစ်ယောက် မပြောင်းခင်
နင်လာအော်ရင် ရယ်ပြလိုက်မယ်
ငါ့ရဲ့ အသည်းမှာ
နင်နေစရာ နေရာမရှိတော့ပြီ
Поcмотреть все песни артиста
Other albums by the artist