Kishore Kumar Hits

Kaiza Tin Moong - Doh Lu Khar Lal Kine Nay P lyrics

Artist: Kaiza Tin Moong

album: Kaiza Tin Moong Album Compilation Vol. 2


နွေမိုးဆောင်း ပြောင်းလဲနေတဲ့ သုံးရာသီ
အတိတ်မှာထားလို့ တံခါးပိတ် ဖုံးကွယ်သွားပြီလေ
မြစ်ပင်လယ် တို့ရဲ့ အမိ ဧရာဝတီ
ယူဇနာနဒီ မပီတော့ပြီ
တောတောင်ရေမြေများ ပြုန်းလို့နေသည်
အိုဇုန်းလွှာလည်း စုတ်ပြီးရင်းနဲ့ စုတ်နေပြီ
မီးခိုးလုံးကြီးတွေ ဆိုင်းလို့ နေသည်
စက်ရုံတွေလည်း ဝိုင်းနေပြီ
ဒါဟာ ငါ့ကြောင့်များလား
ငါတကယ်မသိပါ
ဒါဟာ သူ့ကြောင့်များလား
ငါတကယ်မသိဘူး
ကံကြမ္မာပဲ လွှဲချလိုက်ပြီ
ရာသီမသီး ပန်းနဲ့ ညီ
ဆိုတဲ့စကား လိုသလား လိုသေးသလား
ပျက်သုန်းလိုက်တာ အခုဆို နှစ်ပေါင်းအလီလီ
ဝိုးတဝါးကြီးနဲ့ ဘဝမပီတဲ့ လူ့ ဌာနီ
တို့လူခါးလည်း တဖြည်းဖြည်း ကိုင်းလာပြီ
ရာသီနာမည် ပျောက်နေပြီ
ဒါဟာ ငါ့ကြောင့်များလား
ငါတကယ်မသိပါ
ဒါဟာ သူ့ကြောင့်များလား
ငါတကယ်မသိဘူး
ကံကြမ္မာပဲ လွှဲချလိုက်ပြီ
ရာသီမသီး ပန်းနဲ့ ညီ
ဆိုတဲ့စကား လိုသလား လိုသေးသလား
ကံကြမ္မာပဲ လွှဲချလိုက်ပြီ
ရာသီမသီး ပန်းနဲ့ ညီ
ဆိုတဲ့စကားလိုသလား လိုသေးသလား

Поcмотреть все песни артиста

Other albums by the artist

Similar artists