Kaiza Tin Moong - Thoe a Thin Taw lyrics
Artist:
Kaiza Tin Moong
album: Kaiza Tin Moong Album Compilation Vol. 2
ခဏသာပျော်ရမယ်
မှန်းကိုသိသားနဲ့
သူ့ကိုမှ ငါ ရွေးပြီး တော့ပေါင်းတယ်
နောင်တ တွေရဖူးတယ်
နောက်ပြီး တော့ထပ်မှားတယ်
နာကျည်းမှုများကိုဖက်တွယ်ခဲ့ဖူးတယ်
ခရစ် တော် ယေရှုလည်း
ငါပြက်ရယ်ပြုဖူးတယ်
မရာဏတံခါး ဝရှေ့ မှောက်လျက်လဲဖူးတယ်
ချစ်သူကိုမုန်းမယ်
မုန်းသူကိုချစ်မယ်
မာနဖြူးထားတဲ့အ တွေးခါးများရဲ့အလယ်
လူကန်းတစ်ဦးဘုရားမ တွေ့ တော့ပြီ
လူကန်းတစ်ဦးဘုရားမ ကြောက် တော့ပြီ
လူကန်းတစ်ဦးဘုရားမ ရှိတော့ပြီ
အ မှောင်ခွင်း ပေးပါ
အ မှောင်ခွင်း ပေးပါ
ဆု တောင်း ပေးပါ
အောက်ဆုံး တောင်ထိသွားတယ်
ဝိညာဥ်မဲ့သွားတယ်
နတ်ဆိုးများဗိမ္မာန်ဟာငါ့ခန္ဓာဖြစ်ဖူးတယ်
အသိဉာဏ် တွေ ပျောက်ကွယ်
ကြောက်စရာသိပ် ကောင်းတယ်
စားပွဲ လေးအငံဓါတ်ပျယ်လို့သွားတယ်
ခရစ် တော် ယေရှုလည်း
ငါ့ ရောင်းကုန်ဖြစ်ဖူးတယ်
တန်ဖိုးကင်းမဲ့တဲ့ဒြပ်ဝတ္ထုများအလယ်
အရပ်တကာကိုလှည့်လယ်
ငါဘုရားအ ယောင် ဆောင်ဖူးတယ်
မုသား ပြောတတ်တဲ့ပါးစပ်တစ် ပေါက်ရှိခဲ့တယ်
ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးခဲ့
ပျက်စီးမှန်းမသိ ပျက်စီးခဲ့
သေဆုံးမှန်းမသိ သေဆုံးခဲ့
ဝိညာဥ်အသစ် ပေးပါ
ဝိညာဥ်အသစ် ပေးပါ
ဆု တောင်း ပေးပါ
ခရစ် တော် ယေရှုလည်း
ငါ့ ရောင်းကုန်ဖြစ်ဖူးတယ်
တန်ဖိုးကင်းမဲ့တဲ့ဒြပ်ဝတ္ထုများအလယ်
အရပ်တကာကိုလှည့်လယ်
ငါဘုရားအ ယောင် ဆောင်ဖူးတယ်
မုသား ပြောတတ်တဲ့ပါးစပ်တစ် ပေါက်ရှိခဲ့တယ်
ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးခဲ့
ပျက်စီးမှန်းမသိ ပျက်စီးခဲ့
သေဆုံးမှန်းမသိ သေဆုံးခဲ့
ဝိညာဥ်အသစ် ပေးပါ
ဝိညာဥ်အသစ် ပေးပါ
ဆု တောင်း ပေးပါ
ဆု တောင်း ပေးပါ
ဆု တောင်း ပေးပါ
Поcмотреть все песни артиста
Other albums by the artist