Kishore Kumar Hits

Kaiza Tin Moong - King Chay Myar lyrics

Artist: Kaiza Tin Moong

album: Believe It


ဘာမှမမြင်
ဘာမှမကြား
ဘာမှမရှုသွင်း
ဘာမှမစားသုံး
ဘာမှမထိတွေ့
ဘာမှမတွေးတောတဲ့
ငါ့ရဲ့
ဦးခေါင်းထဲမှာ
တစ်ယောက်ထဲ
စကားတွေပြောနေပြီ
မနားတမ်းအစဉ်
တစ်ဖဝါးမှမခွာ
တောက်လျှောက်အစဉ်အမြဲ
ငါ့ပခုံးထက်
တက်လို့ခွ၍
အမျိုးမျိုးခိုင်းစားတဲ့
ငါ့ရဲ့
ဦးခေါင်းကြီးဟာ
တကယ်တမ်း
မျောက်တစ်ကောင်ဖြစ်နေတယ်
အထဲကိုကြည့်တယ်
အခန်းလွတ်နေတာတွေ့တယ်
ဓာတ်ကြိုးတွေကိုတွေ့တယ်
မျက်လုံးပေါင်းမြောက်များစွာ
ငါ့အထဲကထိုးထွက်လာ
အတောင်တစ်စုံပေါက်လာ
အညှီအဟောက်နန်းပုံပေါ်ငါဟာစံစားရင်း
ငါယင်ကောင်ဖြစ်သွားပြီ
ကြက်ဥလား
ကြက်မလား
မေးခွန်းထုတ်ရင်း
လေးချောင်းထောက်မှ
နှစ်ချောင်းဖြစ်လာ
ပြီးတော့သုံးချောင်း
နိဂုံးချုပ်တော့
အများအပြားသော
ခြေထောက်တွေနဲ့
ကင်းခြေများဖြစ်သွား

Поcмотреть все песни артиста

Other albums by the artist

Similar artists