Kishore Kumar Hits

Kaiza Tin Moong - Sar Laung Chin lyrics

Artist: Kaiza Tin Moong

album: Shunt Say Chay Htauk


ကျွန်ုပ် အထဲ၌ ရှိသော ရောဂါ
အတွင်း အပြင် လှိုက်စား အစဉ် ဝါးမျိုဆဲ
ကုလားစည်းထဲ လောင်သောမီးတွေ
ငြှိမ်းချင်သော်လည်း လောင်မြဲ လောင်ဆဲပဲ
ဥပဓိရုပ် ပြောင်းလဲပြီး
ဂြိုလ်တွေ အစွယ်တွေ ထွက်လို့
ဆာလောင်နေပြီလေ
ကြိုးစားပမ်းစား ထိန်းလည်း
သွေးကြောများထဲ စီးဝင်
လေဟာနယ် ကာလတွေ
နာကျင်နေပြီလေ
ကျွန်ုပ် အထဲ၌ ရှိသော ဝိဉာဉ်
ကျွမ်းလောင်ပြီး ရမ္မက်မီးခိုးထဲ
ဘဝဟောင်း၌ ရှိသော ငရဲပြည်
မေ့နေပြီလား ၂၄ နာရီ အတွင်း
ဥပဓိရုပ် ပြောင်းလဲပြီး
ဂြိုလ်တွေ အစွယ်တွေ ထွက်လို့
ဆာလောင်နေပြီလေ
ကြိုးစားပမ်းစား ထိန်းလည်း
သွေးကြောများထဲ စီးဝင်
နာတာရှည် ကာလတွေ
ကျော်လွန်ချင်ပြီလေ
ဥပဒိရုပ် ပြောင်းလဲပြီး
ဂြိုလ်တွေ အစွယ်တွေ ထွက်လို့
ဆာလောင်နေပြီလေ
ကြိုးစားပမ်းစား ထိန်းလည်း
သွေးကြောများထဲ စီးဝင်
လေဟာနယ် ကာလတွေ
နာကျင်နေပြီလေ
အားလုံး ငါ့ရဲ့ အတွေး
အားလုံး ငါ့ရဲ့ အမေး
လူတွင်ကျယ် မာနတွေ
ပြန်လာနေပြီလေ
ပြန်လာနေပြီလေ
ပြန်လာနေပြီလေ
ပြန်လာနေပြီလေ

Поcмотреть все песни артиста

Other albums by the artist

Similar artists