Kaiza Tin Moong - Bar Kyount lyrics
Artist:
Kaiza Tin Moong
album: Shunt Say Chay Htauk
ဘာကြောင့်
သူလေ ငါ့ကို မချစ်တာလဲ
ဘာကြောင့်
သူလေ ငါ့ကို မုန်းတာလဲ
ဘာကြောင့်
သူလေ ငါ့ကို ဂရုမစိုက်သလဲ
ဘာကြောင့်
သူလေ ငါ့ကို စွန့်ပစ်သလဲ
ဒီလိုဆို အချစ်အိပ်မက်တွေ
အချစ်နောက်ကြောင်းတွေ ငါနဲ့မဆိုင်ဘူး
ဒီလိုဆို မေတ္တာတရားတွေ
ဂရုဏာတရားတွေ ထားလည်း အပိုပဲလေ
ဘာကြောင့်
ငါလေ မျက်ရည်ကျနေလဲ
ဘာကြောင့်
ကြင်နာခြင်းတွေ အဖြစ်မရှိသလဲ
ဘာကြောင့်
အနာ အခုထိ မကျက်နိုင်သေးသလဲ
ဘာကြောင့်
ငါဒီလို အတွေးတွေ တွေးနေလဲ
ဒီလိုဆို အချစ်အိပ်မက်တွေ
အချစ်နောက်ကြောင်းတွေ ငါနဲ့မဆိုင်ဘူး
ဒီလိုဆို မေတ္တာတရားတွေ
ဂရုဏာတရားတွေ ထားလည်း အပိုပဲလေ
ဘာကြောင့်များ ငါ လူ့လောက ရောက်ရလဲ
ဘာကြောင့်
အစွဲအလန်းတစ်ခုအတွက် ရူးသွပ်သလဲ
ဘာကြောင့်
မုန်းဖို့မေ့ဖို့ သိပ်ခက်သလဲ
ဘာကြောင့်
လူတွေကြားငါ မသွားလာရဲသလဲ
ကမ္ဘာထဲ ဆက်နေလို့ ဘာထူးမှာလဲ
အမှန်တကယ်ဆို ရှက်ဖို့ကောင်းတယ်
ကြောက်ဖို့ကောင်းတယ် မုန်းဖို့အလွန်ကောင်း
အရာရာကို ပြောင်းပြန်ကြည့်မယ်
တဇောင်းပြန်ကြည့်မယ် အတည့်နဲ့မတန်ဘူး
အသံတွေကို ကြားနေရတယ်
နားတွေယားတယ် နားများကွယ်သွား
အရောင်တွေကို တွေ့နေရတယ်
မျက်စိနောက်တယ် ပြီးတော့ မှောင်သွားတယ်
Поcмотреть все песни артиста
Other albums by the artist