Htoo Eain Thin - Ngar Tayar Si Yin Taw Mu Khan lyrics
Artist:
Htoo Eain Thin
album: Chit Chin Arr Phyit
အလင်းနှစ်သန်းပေါင်းများစွာ
ငါ့နဲ့ငါ့ဘဝ ဝေးကွာ
အတ္တတစ်ခုနဲ့ အတ္တကိုပြန်မြှား
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
အဆုံးအစမသိတဲ့ ခရီးမှာ
လမ်းပြကွန်းပက်စ်လည်းမပါ
လောကပညတ်များထဲ ငါဘယ်မှာ
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
ငါ တည်ဆောက်ခဲ့ရသမျှ
(ပြန်ပြီးဖြိုချ)
ငါ စုဆောင်းခဲ့ရသမျှ
(ငါ စွန့်လွှတ်လိုက်ရ)
ငါ သိထားခဲ့ရသမျှ
(ငါ မေ့ဖို့ကြိုးစား)
ငါ မရှိ ငါ မသိ ငါ၏ ငါအမှားများ
ငါ သိပ်မသိသော
(ငါ့ရဲ့နောက်တစ်ယောက်က)
ငါ နားမလည်သော
(ငါ့ရဲ့အခြားတစ်ဖက်က)
ငါ အကျွမ်းမဝင်သော ငါ့မှာ
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
ငါ ပျောက်နေဆဲ
(ငါ့ရဲ့အနီးဆုံးက)
ငါလိုက်ရှာဆဲ
(ငါ့ရဲ့အဝေးဆုံးက)
ငါနဲ့ငါကြား
ဗျာများနေဆဲ ငါ
♪
လူ့ကလပ်စည်းများအတွင်းမှာ
ငါစိုးစိတ်တို့ တဖျက်ဖျက်ခါ
အတ္တတစ်ခုက အတ္တကို စေစား
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
မီးများနဲ့ ကင်းဝေးရာ
ငါမီးထွန်းပြီးတော့ လိုက်ရှာ
ငါလမ်း ပညတ်များနဲ့ ငါအလယ်မှာ
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
ငါ တည်ဆောက်ခဲ့ရသမျှ
(ပြန်ပြီးဖြိုချ)
ငါ စုဆောင်းခဲ့ရသမျှ
(ငါ စွန့်လွှတ်လိုက်ရ)
ငါ သိထားခဲ့ရသမျှ
(ငါ မေ့ဖို့ကြိုးစား)
ငါ မရှိ ငါ မသိ ငါ၏ ငါအမှားများ
ငါ သိပ်မသိသော
(ငါ့ရဲ့နောက်တစ်ယောက်က)
ငါ နားမလည်သော
(ငါ့ရဲ့အခြားတစ်ဖက်က)
ငါ အကျွမ်းမဝင်သော ငါ့မှာ
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
ငါ ပျောက်နေဆဲ
(ငါ့ရဲ့အနီးဆုံးက)
ငါလိုက်ရှာဆဲ
(ငါ့ရဲ့အဝေးဆုံးက)
ငါနဲ့ငါကြား
ဗျာများနေဆဲ ငါ
Yeah
♪
ငါ တည်ဆောက်ခဲ့ရသမျှ
(ပြန်ပြီးဖြိုချ)
ငါ စုဆောင်းခဲ့ရသမျှ
(ငါ စွန့်လွှတ်လိုက်ရ)
ငါ သိထားခဲ့ရသမျှ
(ငါ မေ့ဖို့ကြိုးစား)
ငါ မရှိ ငါ မသိ ငါ၏ ငါအမှားများ
ငါ သိပ်မသိသော
(ငါ့ရဲ့နောက်တစ်ယောက်က)
ငါ နားမလည်သော
(ငါ့ရဲ့အခြားတစ်ဖက်က)
ငါ အကျွမ်းမဝင်သော ငါ့မှာ
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
ငါ ပျောက်နေဆဲ
(ငါ့ရဲ့အနီးဆုံးက)
ငါလိုက်ရှာဆဲ
(ငါ့ရဲ့အဝေးဆုံးက)
ငါနဲ့ငါကြား
ဗျာများနေဆဲ ငါ
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
ငါ သိပ်မသိသော
(ငါ့ရဲ့နောက်တစ်ယောက်က)
ငါ နားမလည်သော
(ငါ့ရဲ့အခြားတစ်ဖက်က)
ငါ အကျွမ်းမဝင်သော ငါ့မှာ
(ငါ့ကိုငါက ရှုံ့ချ)
(ငါ့ကိုငါပဲ အားကျ)
ငါ ပျောက်နေဆဲ
(ငါ့ရဲ့အနီးဆုံးက)
ငါလိုက်ရှာဆဲ
(ငါ့ရဲ့အဝေးဆုံးက)
ငါနဲ့ငါကြား
ဗျာများနေဆဲ ငါ
Поcмотреть все песни артиста
Other albums by the artist