Htoo Eain Thin - Hnote Sat TaPoy lyrics
Artist:
Htoo Eain Thin
album: Chit Chin Arr Phyit
နှုတ်ဆက်ခဲ့ပါတယ်
အလင်းရောင် အခန်းလေးရယ်
အမှောင်လမ်းမတွေထဲကို
ငါ သွားတော့မယ်
အတိတ်ရဲ့နေ့တွေကို မီးပုံရှို့ပြီး
ငါပြန်မလာတော့ဘူး
အခန်းလေးရေ
♪
နှုတ်ဆက်ခဲ့ပါတယ်
ကောင်းမြတ်ခြင်းတရားရေ
ငါမင်းရဲ့အလိုတိုင်းသာ စွန့်စားခဲ့တယ်
ငါ့အိပ်မက်တွေဟာ ဖြစ်မလာခဲ့ဘူး
အမှောင်မှာ ကျင်လည်ဖို့
ထွက်သွားပြီဟေ့
မျှော်လင့်ချက်နဲ့ဆောက်ခဲ့တယ်
ကမ္ဘာလေးတစ်ခု
အခုတော့ အားလုံး
ပျက်စီးသွားခဲ့ပြီ
အမှန်ကိုရှာသူ မှားယွင်းနေသတဲ့
လောကဟာ ဘယ်လိုလဲ
နှုတ်ဆက်ခဲ့ပါတယ်
အချစ်ဖွဲ့သီချင်းလေးရေ
ငါနောက်ထက် ဆိုညဉ်းစရာ
မလိုအပ်တော့ပါ
တမ်းတခဲ့လေတဲ့ ချစ်ခြင်းမေတ္တာတရား
ဒီမှာ ရှာမတွေ့ဘူး
သီချင်းလေးရေ
♪
မျှော်လင့်ချက်နဲ့ဆောက်ခဲ့တယ်
ကမ္ဘာလေးတစ်ခု
အခုတော့ အားလုံး
ပျက်စီးသွားခဲ့ပြီ
အမှန်ကိုရှာသူ မှားယွင်းနေသတဲ့
လောကဟာ ဘယ်လိုလဲ
နှုတ်ဆက်ခဲ့ပါတယ်
အချစ်ဖွဲ့သီချင်းလေးရေ
ငါနောက်ထက် ဆိုညဉ်းစရာ
မလိုအပ်တော့ပါ
တမ်းတခဲ့လေတဲ့ ချစ်ခြင်းမေတ္တာတရား
ဒီမှာ ရှာမတွေ့ဘူး
သီချင်းလေးရေ
အလင်းရောင်အခန်းလေးရေ
ကောင်းမြတ်ခြင်းတရားရေ
ငါထွက်သွားပြီ ဟေး
Поcмотреть все песни артиста
Other albums by the artist