Htoo Eain Thin - A Di Pa Di Lann Ka Chay Yar Myar lyrics
Artist:
Htoo Eain Thin
album: Ta Naye Sar A Lwae Myar
အဓိပတိလမ်းမထက် အတိတ်ကတို့ခြေရာများ
တိမ်တိုက်လို ဝေးလွင့်လို့သွား
အားလုံးပျောက်ကွယ်လေပြီ
ရာသီတွေ ချာချာလည်မှုန်ဝါး
အတိတ်ကခြေသံ တိုးတိုးသွား
တို့နှစ်ယောက်တကယ်ကို ဝေးခဲ့ကြပြီလား
ပွင့်သစ်စက ရနံ့ဆွတ်ပျံ့
ခုတော့ပျောက်ပြယ်လွင့်ပါး
ပြောင်းလဲခြင်းများရဲ့ မြစ်ရေတို့
ဘဝကို ဖြတ်ကျော်တာ ကြုံတယ်
ဒဏ္ဍာရီလိုလို ဝေဝေ၀ါး
အတိတ်ကခြေသံ တိုးတိုးသွား ဒီမှာ
တို့နှစ်ယောက်တကယ်ကို ဝေးခဲ့ကြပြီလား
အို အဓိပတိလမ်းမလည်း အရင်လိုပါလား
အိုး တို့နှစ်ယောက်ရဲ့အချစ်တွေ မခိုင်မြဲကြ
အချစ်တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့
ယုံနိုင်မလား
♪
အဓိပတိလမ်းမထက်လျှောက်ခဲ့ကြ တို့ခြေရာများ
အမြဲတမ်းတွဲသွား မခွဲတမ်းလျှောက်ခဲ့
အိုး အချစ်တဲ့လား
ကမ္ဘာတည်အောင် ခြေရာတွေ ချန်နေရစ်မလား
ခုတော့ ဘယ်လိုဖြစ်ခဲ့သလဲ
ကြင်နာသူတွေတကယ်ကို အို
ဝေးခဲ့ပြီတဲ့လား
အို အဓိပတိလမ်းမလည်း အရင်လိုပါလား
အိုး တို့နှစ်ယောက်ရဲ့အချစ်တွေ မခိုင်မြဲကြ
အချစ်တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့
ယုံနိုင်မလား
အို အဓိပတိလမ်းမလည်း အရင်လိုပါလား
အိုး တို့နှစ်ယောက်ရဲ့အချစ်တွေ မခိုင်မြဲကြ
အချစ်တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့
ယုံနိုင်မလား
အားလုံးပြောင်းလဲသွားခဲ့ပေါ့
ယုံနိုင်မလား
Поcмотреть все песни артиста
Other albums by the artist