Kishore Kumar Hits

Htoo Eain Thin - Hnote Sat Mae Nway lyrics

Artist: Htoo Eain Thin

album: Ta Naye Sar A Lwae Myar


လမ်းခွဲမျက်ရည် စိုးမိုးခဲ့ပြီ
တစ်ပါးသောအရပ်ဆီ ပြန်မယ်ဆို
လွမ်းရစ်တော့ကွယ် မပြောလည်း အချစ်ရေ
နှုတ်ဆက်မယ့်နွေ ရောက်နှင့်ခဲ့ပြီ
လွမ်းဆဲ အသက်ရေ နွမ်းလွင့်ရွက်ကြွေ
နှစ်ပါးသွားတေးသံ ဪ မဆုံးခင်
လှမ်းနှင့်ပေါ့ကွယ် လမ်းရဲ့တစ်ဖက်ဆီ
အသည်းက သိတယ် ခွဲသူအဝေး
ဒီနွေဦး ရည်စူးခဲ့လည်း ဖော်မကျွမ်းမှီ ဆွေး
ဟိုတစ်ဖက်ကမ်း အဝေး အို လက်လှမ်းရင်း
နွေရဲ့အလွမ်းမီး

လမ်းခွဲမျက်ရည် စိုးမိုးခဲ့ပြီ
တစ်ပါးသောအရပ်ဆီ ကိုယ်သွားရင်
လွမ်းရစ်တော့ကွယ် မပြောလည်း အချစ်ရေ
နှုတ်ဆက်မယ့်နွေ ရောက်နှင့်ခဲ့ပြီ
လွမ်းဆဲ အသက်ရေ နွမ်းလွင့်ရွက်ကြွေ
နှစ်ပါးသွားတေးသံ ဪ မဆုံးခင်လေး
လှမ်းနှင့်တော့ကွယ် လမ်းရဲ့တစ်ဖက်ဆီ
အသည်းက သိတယ် ခွဲသူအဝေး
ဒီနွေဦး ရည်စူးခဲ့လည်း ဖော်မကျွမ်းမှီ ဆွေး
ဟိုတစ်ဖက်ကမ်း အဝေး အို လက်လှမ်းရင်း
နွေရဲ့အလွမ်းမီး

Поcмотреть все песни артиста

Other albums by the artist

Similar artists