Htoo Eain Thin - Pa Hta Ma Sone A Thel Kwel Zat Lan lyrics
Artist:
Htoo Eain Thin
album: Ta Naye Sar A Lwae Myar
အတွေးလေးထဲ
ပြန်စဉ်းစားလိုက်တော့
ဒီဆေးပျက် ပန်းချီကားလေးဟာ
♪
အသစ်ဖြစ်ခဲ့
အရောင်တွေလင်းပြီးတော့ လက်လာ
ငါမရခဲ့တဲ့ အတိတ်ဘဝက
နှလုံးသားအချစ်ရဲ့ တစ္ဆေ
ဇွတ်ရင်ခွင်ကို ဝင်လာ
ကြေကွဲအောင် ထားခဲ့သလား
အို သူ့အမုန်းများနဲ့ ရေးခြစ်ခဲ့
အသည်းကွဲဇာတ်လမ်းလေး
အို ငါ့ရဲ့အချစ်တွေ
ဖူးသစ်စက ချိုးလို့ချေမွသွား
သူဟာ အစိမ်းလိုက်ခွဲပြီး
အသည်းကို လွှင့်ပစ်ခဲ့
အဝေးကိုထွက်သွား
တစ်သက်လုံး မေ့မရတော့
နှလုံးသားထဲက လန့်
ဒီရင်ထဲ ဆေးရုပ်ထိုးထား
အသည်းက ထင်စွဲဖျောက်ဖျက်မရ
ငါတော့သွေးပျက်လို့
ရုန်းထွက်ဖို့ ကြိုးစားလည်း
မလွတ်မြောက်တော့ပြီ
ဘဝရဲ့အစက တို့သိပ်ချစ်ခဲ့ကြ
ပြောင်းလဲခြင်းတရားလည်း တို့မသိခဲ့ကြ
♪
အို အချစ်စစ်
ကျောင်းခန်းဘက်ပြေးလို့သွား
ငါ့ရဲ့မိန်းကလေးက
အခန်းတံခါးဝသို့ အရောက်
ပြန်လှည့်ကြည့်လိုက်
ရယ်မလိုလို အကြင်နာအပြုံးလေး
ရင်မှာ လှုပ်ရှားသွား
အို သူ့အမုန်းများနဲ့ ရေးခြစ်ခဲ့
အသည်းကွဲဇာတ်လမ်းလေး
အို ငါ့ရဲ့အချစ်တွေ
ဖူးသစ်စက ချိုးလို့ချေမွသွား
သူဟာ အစိမ်းလိုက်ခွဲပြီး
အသည်းကို လွှင့်ပစ်ခဲ့
အဝေးကိုထွက်သွား
တစ်သက်လုံး မေ့မရတော့
နှလုံးသားထဲက လန့်
ဒီရင်ထဲ ဆေးရုပ်ထိုးထား
အသည်းက ထင်စွဲဖျောက်ဖျက်မရ
ငါတော့သွေးပျက်လို့
ရုန်းထွက်ဖို့ ကြိုးစားလည်း
မလွတ်မြောက်တော့ပြီ
အို မိုးများခြိမ်းလို့
လျှပ်စီးများလည်းလက်
ဒီလိုညမျိုး ရောက်ခဲ့တော့
♪
ကံဆိုးမိုးမှောင်
သူ့ရဲ့အကြောင်း ရုတ်တရက်ပဲကြား
အဝေး ပြောင်းရွှေ့သွား
သူငါ့ကိုလည်း မုန်းသတဲ့
စကားတစ်ဆင့်ပါး
ဒီအချစ်ဇာတ်လမ်းလေး
ဒီမှာဆုံး
အို သူ့အမုန်းများနဲ့ ရေးခြစ်ခဲ့
အသည်းကွဲဇာတ်လမ်းလေး
အို ငါ့ရဲ့အချစ်တွေ
ဖူးသစ်စက ချိုးလို့ချေမွသွား
သူဟာ အစိမ်းလိုက်ခွဲပြီး
အသည်းကို လွှင့်ပစ်ခဲ့
အဝေးကိုထွက်သွား
တစ်သက်လုံး မေ့မရတော့
နှလုံးသားထဲက လန့်
ဒီရင်ထဲ ဆေးရုပ်ထိုးထား
အသည်းက ထင်စွဲဖျောက်ဖျက်မရ
ငါတော့သွေးပျက်လို့
ရုန်းထွက်ဖို့ ကြိုးစားလည်း
မလွတ်မြောက်တော့ပြီ
ငါတော့သွေးပျက်လို့
ရုန်းထွက်ဖို့ ကြိုးစားလည်း
မလွတ်မြောက်တော့ပြီ
Поcмотреть все песни артиста
Other albums by the artist