Kishore Kumar Hits

Htoo Eain Thin - Nya Pone Pyin lyrics

Artist: Htoo Eain Thin

album: A Sain Yaung Yat Swal Myar


ရောင်စုံမီးများ ထွန်းလို့ထားတဲ့
သန်းခေါင်ယံ ဒီကပွဲလေး
တွေးတော ငေးမောရင်းနဲ့
ထိုင်နေသူတစ်ယောက်
အဖော်မစုံတော့
ခန်းမရဲ့ထောင့်တစ်ခုမှာ
အထီးကျန်ဆန်လွန်းတဲ့
ငါ့ရဲ့အဖြစ်နဲ့
တူသူတစ်ယောက်တော့တွေ့ခဲ့
ဖန်ခွက်ချင်းထိခတ်တဲ့ အခိုက်မှာ
အတူတူဝေမျှခဲ့
စကားလုံးများထဲ အထိအတွေ့ကို
အသေအချာကိုယ်သိ
ဒီတစ်ခွက်ပြီး နောက်တစ်ခွက်
နောက်တစ်ခွက် နောက်တစ်ခွက်နဲ့
အသိတွေ ဝေဝါးခဲ့
နွေးထွေးလွန်းတဲ့ နှုတ်ခမ်းအစုံဟာ
နောက်ဆုံးအသိပဲ
မရေရာတဲ့ အိပ်မက်အပိုင်းအစနဲ့
မျှော်လင့်ခြင်းများနဲ့နိုးခဲ့
ရွှေရောင် ဖိနပ်ကလေးတစ်ဖက်တွေ့တယ်
ဒီအခန်းကလေးထဲ
ပုံပြင်ထဲကလိုပဲကွယ်
ရောင်စုံမီးများ ထွန်းလို့ထားတဲ့
သန်းခေါင်ယံ ဒီကပွဲလေး
တွေးတော ငေးမောရင်းနဲ့
ထိုင်နေသူတစ်ယောက်
အဖော်မစုံတော့
ခန်းမရဲ့ထောင့်တစ်ခုမှာ
အထီးကျန်ဆန်လွန်းတဲ့
ငါ့ရဲ့အဖြစ်နဲ့တူသူ မိန်းမချောလေးရယ်
ဖန်ခွက်ချင်းထိခတ်တဲ့ အခိုက်မှာ
အတူတူဝေမျှခဲ့
စကားလုံးများထဲ အထိအတွေ့ကို
အသေအချာကိုယ်သိ
ဒီတစ်ခွက်ပြီး နောက်တစ်ခွက်
နောက်တစ်ခွက် နောက်တစ်ခွက်နဲ့
အသိတွေ ဝေဝါးခဲ့
နွေးထွေးလွန်းတဲ့ နှုတ်ခမ်းအစုံဟာ
နောက်ဆုံးအသိပဲ
မရေရာတဲ့ အိပ်မက်အပိုင်းအစနဲ့
မျှော်လင့်ခြင်းများနဲ့နိုးခဲ့
ရွှေရောင် ဖိနပ်ကလေးတစ်ဖက်တွေ့တယ်
ဒီအခန်းကလေးထဲ
ဘယ်ရောက်သွားခဲ့ပြီလဲကွယ်
အိပ်မက်ထဲက မင်းသမီးလေးရယ်
ဘယ်ဆီရောက်သွားလဲ
ရုတ်တရက် ပျောက်လို့သွားတယ်
ရူးသွပ်ခြင်းနဲ့ငါ့မှာ
မင်းထားခဲ့တဲ့ညပုံပြင်ထဲ
မရေရာတဲ့ အိပ်မက်အပိုင်းအစနဲ့
မျှော်လင့်ခြင်းများနဲ့နိုးခဲ့
ရွှေရောင် ဖိနပ်ကလေးတစ်ဖက်တွေ့တယ်
ဒီအခန်းကလေးထဲ
ပုံပြင်ထဲကလို
မရေရာတဲ့ အိပ်မက်အပိုင်းအစနဲ့
မျှော်လင့်ခြင်းများနဲ့နိုးခဲ့
ရွှေရောင် ဖိနပ်ကလေးတစ်ဖက်တွေ့တယ်
ဒီအခန်းကလေးထဲ
ဘယ်ရောက်သွားလဲကွယ်
မရေရာတဲ့ အိပ်မက်အပိုင်းအစနဲ့
မျှော်လင့်ခြင်းများနဲ့နိုးခဲ့
ရွှေရောင် ဖိနပ်ကလေးတစ်ဖက်တွေ့တယ်
ဒီအခန်းကလေးထဲ
ပုံပြင်ထဲကလို
မရေရာတဲ့ အိပ်မက်အပိုင်းအစနဲ့
မျှော်လင့်ခြင်းများနဲ့နိုးခဲ့
ရွှေရောင် ဖိနပ်ကလေးတစ်ဖက်တွေ့တယ်
ဒီအခန်းကလေးထဲ
ဘယ်ရောက်သွားလဲကွယ်
မရေရာတဲ့ အိပ်မက်အပိုင်းအစနဲ့
မျှော်လင့်ခြင်းများနဲ့နိုးခဲ့
ရွှေရောင် ဖိနပ်ကလေးတစ်ဖက်တွေ့တယ်
ဒီအခန်းကလေးထဲ
ပုံပြင်ထဲကလို

Поcмотреть все песни артиста

Other albums by the artist

Similar artists