Htoo Eain Thin - Pyan Ma Lar Tot Buu Kwel lyrics
Artist:
Htoo Eain Thin
album: A Sain Yaung Yat Swal Myar
ပြန်မလာတော့ဘူးကွယ်
ကိုယ်ထွက်သွားတော့မယ်
ကြင်နာသူနဲ့ ဝေးရာ
အဝေး အဝေး အဝေး
နှလုံးသားက နာကျင်စွာနဲ့
နောက်ဆုံး နှုတ်ဆက်ခဲ့တယ်
ကိုယ်အလိုချင်ခဲ့ဆုံးအရာ
ဘဝမှာ ချစ်ခြင်းမေတ္တာ
ရယူပိုင်ဆိုင်ခွင့် မရှိတော့
ဆွေး အဆွေး အဆွေး
မမေ့တတ်ခဲ့သူသာ ရင်ထဲ
တမ်းတ နေမယ်...
ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘဝမှာ
ဖျောက်ဖျက်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ
ဒဏ်ရာတွေ ပြည့်နှက်ခဲ့တယ်
ကြေကွဲ...
မဆုံနိုင်တော့ဘူးကွယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်
တို့ရင်ခုန်သံများ အဝေးမှာ
ဝေးမြဲ ဝေးဆဲ အေးခဲ
ရက်စက်တဲ့ ကံကြမ္မာကိုပဲ
သိပ်စိတ်နာတယ်...
♪
ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘဝမှာ
ဖျောက်ဖျက်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ
ဒဏ်ရာတွေ ပြည့်နှက်ခဲ့တယ်
ကြေကွဲ ကိုယ့်ရင်ထဲ...
ပြန်မဆုံနိုင်တော့ဘူးကွယ်
မင်းကို ကိုယ်ချစ်ခဲ့လည်း
တို့ရင်ခုန်သံများ အဝေးမှာ
ဝေးမြဲ ဝေးဆဲ အေးခဲ
ရက်စက်တဲ့ ကံတရားပဲ
ကိုယ် သိပ်နာကျည်းတယ်...
နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်
ကိုယ် သွားပြီကွယ်
♪
(အဝေး)
Поcмотреть все песни артиста
Other albums by the artist