Kishore Kumar Hits

Htoo Eain Thin - Lan Pyout Tae Thar lyrics

Artist: Htoo Eain Thin

album: A Sain Yaung Yat Swal Myar


ငယ်ရွယ်စဉ်အခါ မသိခဲ့ရတဲ့
အမှားအမှန်ဆိုတဲ့ တရားရယ်
အပူအပင်ဆိုတာ လုံးဝမရှိခဲ့ရတဲ့ အမေ့ရင်ခွင်ထဲမှာ
ငြိမ်းချမ်းစွာ မှေးစက်ရင်း
အပြစ်ကင်းတဲ့ ကလေးလေးဘဝကို
အခုအခါ သား မြင်ယောင်တမ်းတမိတယ် အမေ

La la. la la. la la la la. la la la la la
La la. la la. la la la la. la la la la la
La la la. la la. la la la la. la la
La la la. la la la la la la la

လူရယ်ခေါ်စဉ် အဆုံးအစမရှိတဲ့ လမ်းပေါ်ခြေချရင်း
မရည်ရွယ်တာတွေ ဖြစ်တတ်မှန်းလည်း မသိနိုင်ခဲ့ဘူး အမေ
အဝေးရောက်သူ သားဘဝ
ကြုံတွေ့ရ အဖြစ်အပျက်များ
ခါးသီးစွာ ရင်ဆိုင်လို့ ဖြတ်ကျော်ရင်းသာ
လောကကြီးကို အံတုကာ အဝေးရောက်သားငယ်
အဆိုးအကောင်း အလှည့်အပြောင်းနဲ့
တွေ့ကြုံခဲ့ အခိုက်အတန့်များ
အမေ့ရဲ့မေတ္တာနဲ့ ကင်းကွာနေဆဲ အဝေးတစ်နေရာ
ငြိမ်းချမ်းမှုများ သား ရှာဖွေ မတွေ့နိုင်ပါ
အနာဂတ်အတွက် ခရီးကြမ်းတွေကို ကျော်ဖြတ်ရင်းသာ
လမ်းပေါ်လျှောက်ရင်း လမ်းပျောက်ခဲ့တဲ့သား

ငယ်ရွယ်စဉ်အခါ မသိခဲ့ရတဲ့ အမှားအမှန်ဆိုတဲ့ တရား
အပူအပင်ဆိုတာ မရှိခဲ့ဖူးတဲ့ အမေ့ရင်ခွင်ထဲမှာ
ငြိမ်းချမ်းစွာ မှေးစက်
အပြစ်ကင်းတဲ့ ကလေးလေးဘဝ
အခုအခါ မြင်ယောင်တမ်းတမိတယ် အမေ
လူရယ်ခေါ်စဉ် အဆုံးအစမရှိတဲ့ လမ်းပေါ်ခြေချရင်း
မရည်ရွယ်တာတွေ ဖြစ်တတ်မှန်းလည်း မသိနိုင်ခဲ့ဘူး အမေ
အဝေးရောက်သူ သားဘဝ
ကြုံတွေ့ရ အဖြစ်အပျက်များ
ခါးသီးစွာ ရင်ဆိုင်လို့ ဖြတ်ကျော်ရင်းသာ
လောကကြီးကို အံတုကာ အဝေးရောက်သားငယ်
အဆိုးအကောင်း အလှည့်အပြောင်းနဲ့
တွေ့ကြုံခဲ့ အခိုက်အတန့်များ
အမေ့ရဲ့မေတ္တာနဲ့ ကင်းကွာနေဆဲ အဝေးတစ်နေရာ
ငြိမ်းချမ်းမှုများ သား ရှာဖွေ မတွေ့နိုင်ပါ
အနာဂတ်အတွက် ဘဝခရီးကြမ်းတွေကို ကျော်ဖြတ်ရင်းသာ
လမ်းပေါ်လျှောက်ရင်း လမ်းပျောက်ခဲ့တဲ့သား
ဪ တမ်းတနေတယ် အချိန်တိုင်း အဝေးမှာ
နွေးထွေးသော အမေ့ရဲ့ရင်ခွင်ကို
အမေ့သား ဘဝအတွက် ပန်းတိုင်ကို လှမ်းဆဲပါ
အနေဝေးလည်း သား မေ့မရနိုင်ပါလား

Поcмотреть все песни артиста

Other albums by the artist

Similar artists