Kishore Kumar Hits

Htoo Eain Thin - A Lwan Yae Mee Hlyan Myar lyrics

Artist: Htoo Eain Thin

album: A Mhat Taya Danyar Thi Chinn Myar


အမြန်လာပါ အိပ်မက်လေးရေ
ဒီအချိန် အပြင်မှာ ရက်စက်တဲ့ညတွေ
မင်းရဲ့ကမ္ဘာမြေထဲ
သူ့မျက်နှာလေးအား ယူဆောင်ပေးပါလားကွာ
ရင်မှာ ဒဏ်ရာ အို ဝေးလွင့်သွားအောင်
ပြန်လာပါ အိပ်မက်လေးရယ်
အရင်လို ငါဟာ သူ့ရဲ့နှုတ်ခမ်းလေးတွေ
တမ်းတနေပြီလေ
သူ့ရဲ့အသံလေးများ ပြန်လည်ကြားယောင်တဲ့အခါ
အို ဝေးလွင့်သွားမယ် (ဝေးလွင့်)
အလွမ်းရဲ့ မီးလျှံများ
အပြင်ကမ္ဘာမှာ တို့နှစ်ယောက် ဝေးနေဆဲ
ဒါပေမယ့် မင်းအရှေ့မှာ
အို ခဏလေး တွေ့ခွင့်ရရင်
ပြန်ဆုံပါရစေ အိပ်မက်လေးရယ်
(အိုး)

အပြင်ကမ္ဘာမှာ တို့နှစ်ယောက် ဝေးနေဆဲ
ဒါပေမယ့် မင်းအရှေ့မှာ
အို ခဏလေး တွေ့ခွင့်ရရင်
ပြန်ဆုံပါရစေ အိပ်မက်လေးရယ်
(အိုး)
အမြန်လာပါ အိပ်မက်လေးရေ
ဒါဟာ တို့ရဲ့တကယ့်ဘဝလို့
အမြဲတမ်း ယုံကြည်မယ်
ရက်စက်ညများထဲ တစ်ခါပြန် မနိုးခင်အထိလေ
အို ဝေးလွင့်သွားမယ်
အလွမ်းရဲ့ မီးလျှံများ
(အမြန်လာပါ အိပ်မက်လေးရယ်
အရင်လို ငါဟာ သူ့ရဲ့နှုတ်ခမ်းလေးတွေ
တမ်းတနေပြီလေ
သူ့ရဲ့အသံလေးများ)
ပြန်လည်ကြားယောင်တဲ့အခါ
အို ဝေးလွင့်သွားမယ်
အလွမ်းရဲ့ မီးလျှံများ
ပြန်လာပါ အိပ်မက်လေးရယ် (ကလေးရေ)
အရင်လို ငါဟာ သူ့ရဲ့နှုတ်ခမ်းလေးတွေ
တမ်းတမိနေဆဲ
သူ့ရဲ့အသံလေးများ ပြန်လည်ကြားယောင်တဲ့အခါ
အလွမ်းရဲ့ မီးလျှံများ

Поcмотреть все песни артиста

Other albums by the artist

Similar artists