Htoo Eain Thin - Vinn Sint Van Goe Tann Chin lyrics
Artist:
Htoo Eain Thin
album: A Mhat Taya Danyar Thi Chinn Myar
ကြယ်တွေစုံပြီလား
ဗင်းဆင့် အနားကိုလာကြတယ်
မျက်စိကနေ ငါကြားတယ်
တိတ်ဆိတ်တဲ့ ညလယ်ယံမှာခေါ်သံများ
ကြယ်တွေရင်ခုန်သလား
ဗင်းဆင့်သီချင်းကို ဆိုကြတယ်
လွမ်းဖွယ့်အကြောင်းကို သီဖွဲ့တယ်
တောင်တန်းများကတောင် တုန်ရီနေတော့တယ်
ငါလေနားလည်ပြီ
ဘာတွေ ကမ္ဘာအတွက် ပေးသွားသလဲ
ဘာကြောင့် ရူးသွပ်ခြင်း ခံသွားသလဲ
ဒါဏ်ရာတွေ ဟာ မပျောက်နိုင်ဘူး
လူတွေကလုံးဝနားမလယ်ကြဘူးလေ
ငါတော့ ကြေကွဲနေပြီ
ကြယ်တွေငိုနေသလား
ပန်းပွင့်မီးလျှံဟိုအထက်မှာ
ဒုက္ခမိုးတိမ် အို တစ်စစီ
ငါချစ်တဲ့ ဗင်းဆင့်ပုံလွှာထင်ယောင်မှား
ကြယ်တွေငိုသံများ
ဆိုက်ပရပ်စ်လမ်းဟာ အိပ်မက်လို
ယိမ်းလို့မှိုင်းဝေအုံ့ဆိုင်းနေ
အာလူးစားသူတွေရဲ့ မျက်နှာတွေ
ငါလေနားလည်ပြီ
ဘာတွေ ကမ္ဘာအတွက် ချန်ထားသလဲ
ဘာကြောင့် ရူးသွပ်ခြင်း ဒါဏ်ပြင်းထန်တယ်
ဒါဏ်ရာတွေ ဟာ မပျောက်နိုင်ဘူး
လူတွေကလုံးဝနားမလယ်ကြဘူးလေ
ငါတော့ ကြေကွဲနေပြီ
လူတွေ တစ်ကယ်တော့ နားမလည်
အို ဒါတကယ် အမှန်တရား
ဒီကမ္ဘာကို ဗင်းဆင့်အဆုံးထိ ချစ်သော်လည်း
အားလုံးနားမလည်ခဲ့
ဒုက္ခနဲ့ တုန့်ပြန်ခြင်းသာ ရသွားလည်း
ဒီလို ရက်စက်ခဲ့ခြင်းကိုပြန်ပြီး
အမှန်တရားအတွက် ဘဝကို စတေးသွားရှာရင်း
ခွင့်လွှတ်ခဲ့လေတယ်
ကြယ်တွေငိုနေသလား
အခန်းလွတ်ထဲမှာ ပန်းချီကားတွေ
အဖိုးမဖြတ်ရက်အောင် တန်သတဲ့လေ
ဗင်းဆင့်ရဲ့ အနုပညာ ရတနာများ
မသေခင် အချိန်မှာ အပယ်ခံများ
မဲ့ရွဲ့ခြင်းသာ ခံရတယ်
သွေးပျက်သွားအောင် သရော်ကြတယ်
လက်မြှောက်လို့ ဘဝကို ရှောင်ကာပြေးလေတယ်
ငါလေတုန်လှုပ်တယ်
ကမ္ဘာကို ပိုင်သမျှ အကုန်ပေးပြီး
တစ်သက်တာ ဒုက္ခကြီးယူသွားရှာတယ်
ဒါဟာ ပါရမီတစ်ခုလေလား
လူတွေအတွက်ဘဝကိုရင်းလို့ စတေးရှာသလား
ဒီည ငါ ငိုနေပြီ
Поcмотреть все песни артиста
Other albums by the artist