Htoo Eain Thin - A Maye Yae Dotekha Oh Lay lyrics
Artist:
Htoo Eain Thin
album: A Kywin Mae Myittar Taw Thi Chin Thot A May
အမေ
ကျွန်တော့်ကို စိတ်မပျက်ဖူးလား
အမေယုံကြည် မျှော်လင့်ထားသမျှ
ဘာတစ်ခုမှ ဖြစ်မလာ
ကိုယ်မှန်တယ် ထင်ရင်ပြီးရော
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး
အသက်သာ ကြီးလို့သွားတယ်
ကျွန်တော့်အိပ်မက်တွေ မပြောင်းလဲ
အဆုံး အရှုံးများနဲ့ ရင်ခုန်ရင်း
အမေ
ကျွန်တော့်ကို စိတ်မညစ်ဖူးလား
ဘဝမှာ အကြိမ်ကြိမ်အခါခါ ရှုံးလဲ
မာနက အကြီးသား
ကိုယ်ယုံကြည်ရာကို ဈေးကွက်
တင်ရောင်းဖို့ ရှက်နေလို့တဲ့
ပိုက်ဆံ တစ်ပြားမှ မရှိတဲ့
သူ သိက္ခာရှိချင်သေးသတဲ့
ကဲ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့
♪
ကံအကျိုးပေး နည်းရတဲ့အထဲ
သူ အပျင်းကလည်း ကြီးသေး
အို ခက်ရချည်ရဲ့
ဟူး ဟူ
ဆင်းရဲတွင်း နက်ပေမယ့်
ကျွန်တော်က အမေ့ရဲ့သားပါ
မိုက်မိုက်မဲမဲ ရိုးသားနေဆဲ
ရင်ခုန်သံသီချင်းလေး ညည်းရင်းနဲ့
ချစ်ခြင်းမေတ္တာအကြောင်း
သင်ကြား
♪
အမေ
ကျွန်တော့်ကို ခွင့်ပြုတော့
ခွင့်ပြုပါ အမေ
ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့
သီချင်းလေး တစ်ပုဒ်ပေါ့
ရှင်သန်နေထိုင်ခြင်းအတွက်
ပေးဆပ်ရင်း
ပေးဆပ်ရင်း
မိတ်ဆွေတစ်ချို့က ကဲ့ရဲ့
ချစ်သူကလေ နားမလည်
အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ
♪
ကံအကျိုးပေး နည်းရတဲ့အထဲ
သူ အပျင်းကလည်း ကြီးသေး
အို ခက်ရချည်ရဲ့
ဟူး ဟူ
ဆင်းရဲတွင်း နက်ပေမယ့်
ကျွန်တော်က အမေ့ရဲ့သားပါ
မိုက်မိုက်မဲမဲ ရိုးသားနေဆဲ
ရင်ခုန်သံသီချင်းလေး ညည်းရင်းနဲ့
ချစ်ခြင်းမေတ္တာအကြောင်း
သင်ကြား
♪
အမေ
ကျွန်တော့်ကို ခွင့်လွှတ်တော့
ခွင့်လွှတ်ပါ အမေ
ကျွန်တော်ဟာ ကမ္ဘာမြေကြီးရဲ့
သီချင်းလေး တစ်ပုဒ်ပေါ့
ရှင်သန်နေထိုင်ခြင်းအတွက်
ပေးဆပ်ရင်း ပေးဆပ်ရင်း
မိတ်ဆွေတစ်ချို့က ကဲ့ရဲ့
ကျွန်တော့်ကို ချစ်သူကလေ နားမလည်
အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ
မိတ်ဆွေတစ်ချို့က ကဲ့ရဲ့
ကိုယ့်ချစ်သူကလေ နားမလည်
အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ
အို
အမေ့ရဲ့ ဒုက္ခအိုးလေး
အသည်းကွဲ
Поcмотреть все песни артиста
Other albums by the artist