အမေ့ရင်ကို ခေါင်းနဲ့ခွေ့ပြီး
ငယ်တုန်းကကွယ်
ပိုက်ဆံကို မုန့်တွေဝယ်ဖို့
အလွယ်လေးတောင်းတယ်
အခုခါမှာ အမေ့ရဲ့ရင်ခွင်
ကျွန်တော်လွမ်းတယ်
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
နေ့စဉ်မှာ ပိုက်ဆံထွက်မြဲ
ရှာတော့မလွယ်
ချွေးစိုကာ သည်းလှိုက်ပင်ပန်းနွမ်းမောဖွယ်
ဘဝသံသရာ ရထားလေးပေါ်က
လူသား ကျွန်တော်
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ သားလေ
ဟိုအရင်တုန်းကလိုတော့ မမိုက်ဘူးလေ (အိုး)
ယဉ်ယဉ်ကျေးကျေး စကားဆိုတတ်နေ (အိုး)
ငွေကို ခြစ်ချုပ်စုပြီး ဘဝလေးဆောက်နေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ
ကျွန်တော့်မေမေ အသက်ရာကျော်ဖို့
ဆုတောင်းနေ
ကျွန်တော့်မေမေ ပန်းကြာရေတွေ့
ရွှင်လန်းစေ
ကြီးလေလေ မိဘအချစ်တရား
ပိုသိလေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ သားလေ
ဟိုအရင်တုန်းကလိုတော့ မမိုက်ဘူးလေ (အိုး)
ယဉ်ယဉ်ကျေးကျေး စကားဆိုတတ်နေ (အိုး)
ငွေကို ခြစ်ချုပ်စုပြီး ဘဝလေးဆောက်နေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ သားလေ
ဟိုအရင်တုန်းကလိုတော့ မမိုက်ဘူးလေ (အိုး)
ယဉ်ယဉ်ကျေးကျေး စကားဆိုတတ်နေ (အိုး)
ငွေကို ခြစ်ချုပ်စုပြီး ဘဝလေးဆောက်နေ
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ သားလေ
Поcмотреть все песни артиста
Other albums by the artist