Htoo Eain Thin - A May lyrics
Artist:
Htoo Eain Thin
album: A Kywin Mae Myittar Taw Thi Chin Thot A May
တစ်ထောင့်တစ်ညရဲ့
ပုံပြင်တွေထဲမှာ
ကျွန်တော်လေ မိန်းမောပြီး
သာယာလို့နေရင်း
အချိန်တန်ခဲ့သည့်တိုင်
အိမ်ပြန်ခွင့်မသာခဲ့
ဒီအချိန်ဆိုရင်လေ
အိမ်မှာ အမေရယ်လေ
ကျွန်တော့်စိတ်နဲ့ ပူပန်နေရှာရော့မယ်
မလွမ်းတတ်တဲ့
လူတွေရဲ့ကြားမှာ
ကျွန်တော်လေ တစ်စတစ်စနဲ့
ပျော်ဝင်နစ်နေလဲ
ရင်ခွင်အမိရပ်ဆီ
လည်ပြန်မှန်းကာကြည့်
ရယ်သံလိုလိုရယ်
ငိုသံလိုလိုရယ်
နွမ်းလျလို့
အိမ်ပြန် တကယ်ခက်ပြီ
တားရက်နဲ့ သွားခဲ့မိသူ
အမှားတွေနဲ့ တစ်မြေ့မြေ့နစ်ကာ
ကျော့ကွင်းမှာ အထပ်ထပ် ရုပ်မပီ
ခလုတ်ထိမှ တခဲ့မိတယ်
အမေ့ရဲ့သားမောင်လေ
အရွယ်လွန်လွင့်ပါး
စုန်းစုန်းမြုပ်တော့မယ် အမေ
♪
တစ်ထောင့်တစ်ညရဲ့
ပုံပြင်တွေထဲမှာ
ကျွန်တော်လေ မိန်းမောပြီး
သာယာလို့နေရင်း
အချိန်တန်ခဲ့သည့်တိုင်
အိမ်ပြန်ခွင့်မသာခဲ့
ဒီအချိန်ဆိုရင်လေ
အိမ်မှာ အမေရယ်လေ
ကျွန်တော့်စိတ်နဲ့ ပူပန်နေရှာရော့မယ်
မလွမ်းတတ်တဲ့
လူတွေရဲ့ကြားမှာ
ကျွန်တော်လေ တစ်စတစ်စနဲ့
ပျော်ဝင်နစ်နေလဲ
ရင်ခွင်အမိရပ်ဆီ
လည်ပြန်မှန်းကာကြည့်
ရယ်သံလိုလိုရယ်
ငိုသံလိုလိုရယ်
နွမ်းလျလို့
အိမ်ပြန် တကယ်ခက်ပြီ
တားရက်နဲ့ သွားခဲ့မိသူ
အမှားတွေနဲ့ တစ်မြေ့မြေ့နစ်ကာ
ကျော့ကွင်းမှာ အထပ်ထပ် ရုပ်မပီ
ခလုတ်ထိမှ တခဲ့မိတယ်
အမေ့ရဲ့သားမောင်လေ
အရွယ်လွန်လွင့်ပါး
စုန်းစုန်းမြုပ်တော့မယ် အမေ
အရွယ်လွန်လွင့်ပါး
စုန်းစုန်းမြုပ်တော့မယ် အမေ
စုန်းစုန်းမြုပ်တော့မယ်
အမေ
Поcмотреть все песни артиста
Other albums by the artist