Htoo Eain Thin - May Lite Tot lyrics
Artist:
Htoo Eain Thin
album: Nar Yi Paw Ka Myat Yay Sat Myar
ယုံကြည်တာတွေအားလုံး စွန့်လွှတ်ခဲ့ပါတယ်
တို့အချစ်က ဆုံနိုင်ဖို့သိပ်မလွယ်
ရေမှာအရုပ်ရေးမိသူလိုပဲ
အချစ်ဟာ အရာ မထင်တယ်
ပျော်မယ်ဆိုနေခဲ့ပေါ့ ချစ်ရတဲ့သူရယ်
အရှုံးပေးခဲ့ပြီ ကျေနပ်တော့ကွယ်
ရေလိုဘဝအေးမြပါစေ အချစ်ရယ်
တို့ဆုတောင်းပါတယ်
ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်ကလေးရယ်
ခရောင်းတောထဲကတို့ကို ထားခဲ့ကွယ်
ချစ်ခဲ့ကြတဲ့အဖြစ်ဟာ အိပ်မက်ပဲ
မင်းဘဝနေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
ကြင်နာတာတွေအားလုံး မေ့ပစ်လိုက်ပါကွယ်
နိုးတဝက် တို့အိမ်မက်ကလေး ပျက်ပြယ်
နာကြင်နေတဲ့နှလုံးသား ငိုနေလည်း
မင်းပျော်ပါစေကွယ်
ရင်မှာမျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ပေမယ့်
မင်းဘဝအတွက် ကိုယ်ကျေနပ်မိတယ်
ဒါတွေ တနေ့ မင်းနားလည်မယ်ချစ်ရယ်
နှုတ်ဆက်သွားပါကွယ်
ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်ကလေးရယ်
ခရောင်းတောထဲကတို့ကို ထားခဲ့ကွယ်
ချစ်ခဲ့ကြတဲ့အဖြစ်ဟာ အိပ်မက်ပဲ
မင်းဘဝနေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
♪
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
ယုံကြည်တာတွေအားလုံး စွန့်လွှတ်ခဲ့ပါတယ်
တို့အချစ်က ဆုံနိုင်ဖို့သိပ်မလွယ်
ရေမှာအရုပ်ရေးမိသူလိုပဲ
အချစ်ဟာ အရာ မထင်တယ်
ရင်မှာမျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ပေမယ့်
မင်းဘဝအတွက် ကိုယ်ကျေနပ်မိတယ်
ဒါတွေ တနေ့ မင်းနားလည်မယ်ချစ်ရယ်
နှုတ်ဆက်သွားပါကွယ်
ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်ကလေးရယ်
ခရောင်းတောထဲကတို့ကို ထားခဲ့ကွယ်
ချစ်ခဲ့ကြတဲ့အဖြစ်ဟာ အိပ်မက်ပဲ
မင်းဘဝနေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်
အိုး အိုး အို
မေ့လိုက်တော့ အချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
မေ့လိုက်တော့ ချစ်ကလေးရယ်
မေ့ပစ်လိုက် ချစ်ရယ်
Поcмотреть все песни артиста
Other albums by the artist