Kishore Kumar Hits

Bunny Phyoe - Kout Tay lyrics

Artist: Bunny Phyoe

album: Lucky


Hay yo
Bunny phyoe
G fatt
အနားနား မင်းမရှိတဲ့အချိန်ဟာ
ခြောက်ကပ်လွန်းတဲ့ နေ့ရက်များ
မင်းကိုတွေ့ချင်တာ အပြစ်လား
စိတ်မချလို့ ပြောမိတာပါ
ဒါဟာ မင်းလေးကိုချစ်လို့ပါ
ကိုယ့်ကိုနားလည်ပါ အချစ်လေးရာ
ငါဆိုးမှန်းလည်း မင်းသိထားရက်
နင်ဟာအမြဲ သည်းခံခွင့်လွှတ်သူ
ချစ်သူ I love you
ငါမသိခဲ့ နင့်ရဲ့ခံစားချက်
ကြင်နာယုယစွာ မပြောတတ်သူ
အတ္တကြီးခဲ့သူ
တစ်နေ့နေ့ မင်းနဲ့ငါနဲ့ တစ်နေ့နေ့
အဆင်မပြေမှုတွေ ကျောခိုင်းလို့
အဝေးဆုံး ထွက်လို့သွားမယ်လေ
ကလေးလေး နောက်ထပ်မငိုနဲ့ ကလေးလေး
ငါလွန်သွားရင် Sorry ပါ
တစ်ချက်လောက် ပြုံးပြလှည့်ပါ မေ
ငါစိတ်တိုတုန်း ပြောမိတဲ့ ဒီစကား ဒီစကား
နင်မပြစ်မယူပါနဲ့ကွာ ပြန် ခွင့်လွှတ်ပါ
ငါချစ်တာတော့ မင်းလေး တစ်ကယ်ယုံထား ယုံထား
ကိုယ်တောင်းပန်ပါတယ်
စိတ် မကောက်လိုက်ပါနဲ့
ကောက်တေး
ကောက်တေး
Yo ah ဒီသီချင်းအကြောင်းကို အမှတ်စဉ်တပ်ပြီး မာတိကာရေးရင်
နံပါတ်တစ်အချက် စကားသိပ်တတ်တဲ့ သာလိကာလေး မင်း
နံပါတ်နှစ် အချစ်နဲ့ပတ်သတ်ရင်တော့ အရာရှိမလေး အသွင်
နံပါတ်သုံး ကျွန်တော်ကသူနဲ့ယှဉ်ရင် ကကြီး ခကွေး အဆင့်
နောက်ကွယ်မှာ မလှိမ့်တစ်ပတ်နဲ့ ဉာဏ်တွေများသလား
ဆိုတဲ့ သံသယတွေထား ငါ့ဘက်ကဦးအောင် ရန်တွေထရှာ
ကျုပ် တစ်ခါတစ်လေမှာလေ သံဝေဂရ
နှလုံးလမ်းကြောင်းမှာ သမုဒ္ဒရာတွေ ဘာတွေပါ ခံနေလားဗျာ?
ပြတ်ပြီ ငါ့ကိုလာမပတ်သတ်ပါနဲ့
အဲ့လိုပြောပြီး နောက်နေ့ သတိရစိတ်တွေက
မင်းကို ကမ္ဘာတွေ ပတ် ပတ်ရှာတယ်
ဒါကြောင့် သံယောဇဉ်က ရေလို ဓါးနဲ့လာခွဲလို့
မပြတ်နိုင်မှန်း သိလျက်
စိတ်ကောက်ပစ်လိုက်ရင်ပဲ ချက်ချင်းမြေမြိုသွားမယ့်အထာနဲ့
ဘာလို့ကောက်နေလည်း ငါအဖြေထုတ်လို့မရ
ပြောရတာ လက်ပေါက်ကပ်တယ်
ထမနဲ့စားပြီး ပုလွေမှုတ်သလိုပါ
ငါ့ကိုအရွဲ့တိုက်ပြီးတော့ တစ်ခြားကောင်တွေနဲ့ ခြေရှုပ်မလို့လား
အဲ့ဒီ့ရှုပ်တဲ့ကောင်တွေအားလုံး သတ်ပြီး မြေမြှုပ်သဂြိုလ်မှာ Yeah
တစ်နေ့နေ့ မင်းနဲ့ငါနဲ့ တစ်နေ့နေ့
အဆင်မပြေမှုတွေ ကျောခိုင်းလို့
အဝေးဆုံး ထွက်လို့သွားမယ်လေ
ကလေးလေး နောက်ထပ်မငိုနဲ့ ကလေးလေး
ငါလွန်သွားရင် Sorry ပါ
တစ်ချက်လောက် ပြုံးပြလှည့်ပါ မေ
ငါစိတ်တိုတုန်း ပြောမိတဲ့ ဒီစကား ဒီစကား
နင်အပြစ်မယူပါနဲ့ကွာ ပြန် ခွင့်လွှတ်ပါ
ငါချစ်တာတော့ မင်းလေး တစ်ကယ်ယုံထား ယုံထား
ကိုယ်တောင်းပန်ပါတယ်
စိတ် မကောက်လိုက်ပါနဲ့
တစ်ကယ်တမ်းတော့ မင်းနဲ့ဝေးမှာ အကြောက်ဆုံးပဲ
ဒီလိုပြတ်ဖို့ပြောတာ နောက်ဆုံးပဲ
တစ်ကယ်မခွဲနိုင်မှန်းကိုသိတယ် နှစ်ယောက်လုံးလည်း
ငါ Sorry ပြောချင်လို့
I just can't let you go
Hoo wo ho wo ho wo ho woo
တစ်နေ့နေ့ မင်းနဲ့ငါနဲ့ တစ်နေ့နေ့
အဆင်မပြေမှုတွေ ကျောခိုင်းလို့
အဝေးဆုံး ထွက်လို့သွားမယ်လေ
ကလေးလေး နောက်ထပ်မငိုနဲ့ ကလေးလေး
ငါလွန်သွားရင် Sorry ပါ
တစ်ချက်လောက် ပြုံးပြလှည့်ပါ မေ
ငါစိတ်တိုတုန်း ပြောမိတဲ့ ဒီစကား ဒီစကား
နင်အပြစ်မယူပါနဲ့ကွာ ပြန် ခွင့်လွှတ်ပါ
ငါချစ်တာတော့ မင်းလေး တစ်ကယ်ယုံထား ယုံထား
ကိုယ်တောင်းပန်ပါတယ်
စိတ် မကောက်လိုက်ပါနဲ့
ကောက်တေး
ကောက်တေး
ကောက်တေး
ကောက်တေး

Поcмотреть все песни артиста

Other albums by the artist

Similar artists