Chan Chan - Nar Lal Pay Bar lyrics
Artist:
Chan Chan
album: Greatest Hits (Volume 2)
Ah Ah Ah ha ha Ah ha Ah...
မင်းစိတ်တိုင်းကျနေခဲ့သမျှအားလုံး
အမြဲတမ်းသည်းခံနေနေတာများလို့
ပိုတိုးလို့တိုးလို့မဆုံး ငါတကယ်ကို မခံနိုင်လို့ အိုးဟိုး...
လမ်းခွဲဖို့ရည်ရွယ်ပြီလား ငါ့ကို
ဂရုမစိုက်ဘဲနေတယ်ငါ့စကားတို့
ငါ့အတွက်မင်းဘဝထဲမှာ တစ်နေရာမကျန်တော့ဘူးလား
ပြန်ပြောဦး
နင့်အတွက်နင်ပဲ သိတယ် ငါ့ရဲ့ဘက်ကိုလည်း နင်ထည့်တွေးဦး
တကယ်ဆို သဝန်တိုတာတွေလျှော့ပါ ပြေပြေလည်လည် ပြောပါ
ငါဘာတွေလွန်လို့လဲဟာ
နင်ပြောသမျှအကုန်လုံးခေါင်းငြိမ့်ဖို့ကို
မလွယ်တဲ့အချိန်မျိုးမှာ
နင်ဘာကြောင့်ငါ့ကိုနားမလည်ပေးပဲ အပြစ်ဖို့ရတာလဲဟာ
တို့နှစ်ယောက် ရှေ့ဆက်မယ့်နေ့များ
တို့နှစ်ယောက် ဘဝရဲ့စိတ်ကူးများ
မျဉ်းပြိုင်များမဖြစ်ချင် ငါ့ရဲ့စကား
တစ်ခွန်းလောက်ဖြစ်ဖြစ်နားထောင်ပေးပါဟေး
တို့နှစ်ယောက် ရှေ့ဆက်မယ့်နေ့များ
တို့နှစ်ယောက် ဘဝရဲ့စိတ်ကူးများ
တို့နှစ်ယောက်
တကယ်ဆိုရင် နားလည်မှုတွေလွဲကာ
ဟိုအဝေးဝေး ရေးဟေးရေး...
ခဏပဲ နင့်ကိုပြောမယ်
ဒါက ရှုံးထွက်ကစားပွဲမဟုတ်
ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေသုံး
စိတ်ပူသမျှ မင်းပဲအတိုက်အခံလုပ်
ရန်ဖြစ်တိုင်း လူကြားထဲ အော်ကြီးဟစ်ကျယ်ပုတ်ခတ်
ရုန့်ရင်းဆန်ခတ်တွေဖြစ်လည်း အရင်တိုင်း မပြောင်းလဲပဲ
မင်းကို ရုပ်ပျက်ဆင်းပျက်ကို ချစ်တယ်
မတောင်းဆိုပါဘူး မင်းဆီက ကြီးကြီးမားမားလည်း
ဘယ်အခြေအနေရောက်ရောက် မင်းရှေ့မားမားမတ်မတ် ရပ်တည်ပြီးသားပဲ
လူရှေ့သူရှေ့ဆို လက်တွဲဖြုတ် ပီပီသသ မတွဲ
အသေးအဖွဲကအစ ညှိနိုင်းလိုမရ
ဘုရားစူး သမီးရည်းစားပဲ
တစ်ခါတစ်လေ ငါပြောတဲ့ စကားတွေ နားမထောင်ပေးချင်ဘူးလား
လမ်းခွဲချင်ခွဲလိုက် စိတ်ရှုပ်စရာ ဘာတစ်ခုမှ မတွေးချင်ဘူးကွာ
လွယ်လွယ်မပြောနဲ့
ကိုယ်တို့ကြားက ခြားနားကောင်းကင်ထဲလည်း
ရှေ့ဆက်ချစ်ချင်ပေမယ့် ဒီတိုင်းဆက်ဖြစ်နေရင်...
တို့နှစ်ယောက် ရှေ့ဆက်မယ့်နေ့များ
တို့နှစ်ယောက် ဘဝရဲ့စိတ်ကူးများ
တို့နှစ်ယောက် မျဉ်းပြိုင်များမဖြစ်ချင်
ငါ့ရဲ့စကား တစ်ခွန်းလောက်ဖြစ်ဖြစ် နားထောင်ပေးပါဟေး
တို့နှစ်ယောက် ရှေ့ဆက်မယ့်နေ့များ
တို့နှစ်ယောက် ဘဝရဲ့စိတ်ကူးများ
တို့နှစ်ယောက် တကယ်ဆိုရင်လေ နားလည်မှုတွေလွဲကာ ဟိုအဝေးဝေး ဟေး...
အကြိမ်ကြိမ်အခါခါ ပြောတဲ့စကားတွေကို တစ်ကြိမ်တစ်ခါအလေးထားပေးပါဦး
နင်ပြောတိုင်းမှာ ငါပဲမှားတာ ဒါတရားလားကွာ ပြန်လည်းဆန်းစစ်ဦး
ကွယ်ရာမှာနင်ဒုက္ခရောက်မှာစိုး ငါပူပန်တာတွေ မင်းက နားမလည်လို့ပါ
နင့်အတွက်ငါ ရုပ်သေးတစ်ရုပ်မဟုတ်ဘူးဟေ့
တို့နှစ်ယောက် ဒီတိုင်းဆက်ဖြစ်နေရင်
တို့နှစ်ယောက် လမ်းခွဲဖို့သာမြင်တယ်
တို့နှစ်ယောက်
ငါပြောတဲ့စကားလေးနားထောင်စေချင်တယ် တစ်ခွန်းလောက်ဖြစ်ဖြစ် လက်ခံပါလား
တို့နှစ်ယောက် ဒီတိုင်းဆက်ဖြစ်နေရင်
တို့နှစ်ယောက် လမ်းခွဲဖို့သာမြင်တယ်
မင်းဘက်က အခုပြောတဲ့စကားများ
သေသေချာချာနားထောင်တာတွေကို နင်မမြင်ပါဘူး ဟူး...
တို့နှစ်ယောက် အိုတို့နှစ်ယောက်
တို့နှစ်ယောက် ...အိုး
တို့နှစ်ယောက်
တို့နှစ်ယောက်
Поcмотреть все песни артиста
Other albums by the artist